close

ရေပိုက်လိုင်း

close

September 22, 2021

မြန်မာ-ဝမ်​ပေါင်လုပ်ကွက်ကို ပို့​ဆောင်​ပေးသည့် ​ရေပိုက်လိုင်း ​၁ ခု မိုင်းခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက မြန်မာ-ဝမ်​ပေါင် လုပ်ကွက်ကို ပို့​ဆောင်​ပေးတဲ့ ​ရေပိုက်လိုင်း ၁ ခု၊ စက်တင်ဘာ ၂၀ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ ​ရေပိုက်လိုင်းဟာ မုံရွာ-ပုသိမ် ကားလမ်း​ဘေး မြန်မာ-ယန်စီလုပ်ကွက်ရဲ့ အ​ရှေ့ဘက်၊ ၁၆ ကုတင်ဆန့် တိုက်နယ်​ဆေးရုံရဲ့ အ​နောက်ဘက်က ​ရေပိုက်လိုင်းဖြစ်ပြီး စက်တင်ဘာ ၂၀ ရက် ည ၉ နာရီလောက်မှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အခုလိုလုပ်​ဆောင်ရတာဟာ တရုတ်နိုင်ငံက အကြမ်းဖက်စစ်​ကောင်စီနဲ့​ပေါင်းပြီး မြန်မာပြည်သူ​​တွေကို အနိုင်ကျင့်ယုတ်မာမှု​တွေအတွက် ပြန်​ပေးဆပ်ရမယ့်သ​ဘော​ ဆောင်​စေချင်လို့ လုပ်​ဆောင်တာလို့ ​အမည်မ​ဖော်လိုသူတစ်ဦးက ​ပြောပါတယ်။

အဲဒီ​ရေပိုက်လိုင်းဟာ မြန်မာ-ယန်စီ လုပ်ကွက်က​နေ မြန်မာ-ဝမ်​ပေါင်လုပ်ကွက်ထဲကို ​ပေးပို့ထားတာဖြစ်ပြီး ဝမ်​ပေါင်လုပ်ကွက်အတွင်းမှာရှိတဲ့ ​မွေးမြူ​ရေးကြက်ခြံအပါဝင် စိုက်ပျိုး​ရေးနဲ့ လူသုံးရေ စတာတွေ အသုံးပြု​နေတဲ့ ပိုက်လိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်​ပေါင် ကုမ္ပဏီများဟာ စစ်​တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံမှကုမ္ပဏီတို့ အကျိုးတူ​ပူး​ပေါင်းကာ ​ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံ​တောင်း​တောင် နဲ့ ​ကြေးစင်​တောင်တို့မှ ​ကြေးနီသတ္တုကို အဓိကတူး​ဖော်​ရေးလုပ်ငန်း ​ဆောင်ရွက်​နေတာလည်း ဖြစ်ပါတယ်။

စစ်​ကောင်စီအာဏာသိမ်း​ပြီးနောက်ပိုင်း ဆားလင်းကြီးမြို့နယ်ထဲက မြန်မာ-ဝမ်​ပေါင်၊ မြန်မာ-ယန်စီ လုပ်ကွက်​တွေကို သွယ်တန်းထားတဲ့ ​ရေပိုက်လိုင်း​ ၁ ခု ပြီးခဲ့တဲ့​ရက်ပိုင်းကလည်း ​ဖောက်ခွဲခံရတာရှိခဲ့ဖူးပြီး အခုအကြိမ်နဲ့ဆို မိုင်းခွဲ​ဖျက်ဆီးခံရတဲ့ ​ရေပိုက်လိုင်း ၂ ခုထိ ရှိလာပြီဖြစ်ပါတယ်။

3 mins Ago
Up