close

ရေပြန်ကျ

close

July 9, 2022

ဆစ်ဒနီတွင် ရေပြန်ကျသွားသဖြင့် ထောင်နှင့်ချီ ဒေသခံများ နေအိမ်ပြန်

သြစတြေးလျ နိုင်ငံရဲ့ အကြီးဆုံး မြို့ ဖြစ်တဲ့ ဆစ်ဒနီမှာ တပတ်နီးပါးကြအောင် ရေကြီးခဲ့ပြီးနောက် ရေပြန်ကျသွားတဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ကိုယ့်အိမ်ကို ပြန်နေကြပါပြီ။

အရင်ရက်တွေက မိုးသည်းသည်းမဲမဲ ရွာသွန်းခဲ့ပေမဲ့ ဇူလိုင် ၈ ရက်နေ့မှာတော့ တိမ်ကင်းရှင်းပြီး ကြည်လင်နေတဲ့ ကောင်းကင်ကို တွေ့ရပါတယ်။ 

ဒါပေမယ့် ဆစ်ဒနီမြို့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းက တချို့ အစိတ်အပိုင်းတွေမှာတော့ ရေမကျသေးပါဘူး။ တချို့နေရာတွေမှာ အခုအချိန်အထိ လျှပ်စစ်မီးနဲ့ အင်တာနက် ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။ 

ဆစ်ဒနီမြို့ အနောက်ပိုင်း ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံစားနေရတဲ့ ဝင်းစာမြို့က ရာနဲ့ချီတဲ့ မြို့ခံတွေဟာ ဇူလိုင် ၈ ရက်နေ့က ကိုယ့်အိမ်ကို ပြန်နေကြတာပါ။ 

ဒီတကြိမ်နဲ့ပါဆိုရင် ဝင်းစာမြို့မှာ တတိယအကြိမ်မြောက် ရေကြီးမှုနဲ့ ကြုံတာပါ။ အခုနောက်ဆုံး ကြုံရတဲ့ မိုးသက်မုန်တိုင်းကြောင့် နဂိုတည်းက ပြည့်လျှံနေတဲ့ ရေလှောင်ကန်တွေ၊ ဆည်တွေ ရေလျှံမှု ဖြစ်ပြီး၊ လယ်တွေ၊ အိမ်တွေ၊ လမ်းတွေ၊ တံတားတွေ ရေကျော်တဲ့အထိ ဖြစ်ခဲ့ရတာပါ။

50 seconds Ago
Up