close

ရေဖြူတံတား

close

February 21, 2022

ရေဖြူတံတားအနီး စစ်ကောင်စီတပ်သား ၆ ဦးပါ စစ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ  ရေဖြူအခြေစိုက် တပ်မိသားစုရဲ့ ကျောင်းသားတွေကို ကျောင်းပို့ ပြီးပြန်လာတဲ့ စစ်သား ၆ ဦးပါ စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။ 

ရေး-ထားဝယ်ကားလမ်းဘေးက ရေဖြူမြစ်ကူးတံတားအနီးမှာ မိုင်း ၂ ကြိမ်ပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့လည်း  မြို့ခံတွေက ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂၁ ရက် ဒီမနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) နဲ့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) တို့ ပူးပေါင်းဆောက်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

အဲဒီလို မိုင်းကွဲတဲ့နေရာကို လာရောက်ရှာဖွေစစ်ဆေးတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ဒုတိယတကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အဲဒီ ပေါက်ကွဲမှု ၂ ကြိမ်စလုံးမှာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူစာရင်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာလည်း စစ်တပ်နဲ့ပျူစောထီးတွေလိုက်ပါလာတဲ့ ကားတစီးကို နဘုလယ်ဒေသမှာ မိုင်းခွဲခဲ့ရပြီး ၆ ဦး သေဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။ 

41 seconds Ago
Up