close

ရေဘေး

close

October 14, 2022

သြစတြေးလျတွင် မြစ်ရေကြီးမှု သတိပေးချက်ထုတ်ပြန်

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ပြည်သူထောင်ပေါင်းများစွာကို ရေဘေးကနေ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

နှစ်ရက်ကြာ မိုးအဆက်အပြတ်ရွာပြီးတဲ့နောက် မြစ်ရေတိုးပြီး ရေကြီးမှုတွေနဲ့ ကြုံနေရတာပါ။ မဲလ်ဘုန်းမြို့တည်ရှိတဲ့ ဗစ်တိုးရီးယားပြည်နယ်ထဲက နေရာအတော်များများ၊ နယူးဆောက်ဝေးပြည်နယ်တောင်ပိုင်းနဲ့ တက်စ်မေးနီးယားပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့ မနက်အထိ ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ပုံမှန်အခြေအနေမှာ တလစာ မိုးရေချိန်နဲ့ ညီမျှတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗစ်တိုရီးယားပြည်နယ်ထဲက အဓိကမြစ်ကြီးတွေမှာ ညအချိန် ရုတ်တရက် မြစ်ရေလျှံပြီး ဒေသခံတွေကို အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။ သောကြာနေ့မှာ မိုးစဲသွားပေမဲ့ မြစ်ရေကြီးမှု သတိပေးချက်တွေကိုတော့ ဆက်လက်ထုတ်ပြန်ထားပါတယ်။

1 day Ago

August 31, 2022

ပါကစ္စတန်ရေဘေး ပြန်လည်ထူထောင်ရန် ကုလပေးမည့် ဒေါ်လာသန်း ၁၆၀ အမြန်လိုအပ်

ပါကစ္စတန်နိုင်ငံမှာ ရေဘေးအလွန် ပြန်လည်ထူထောင်ရေးအတွက် ကုလသမဂ္ဂက အကူအညီပေးဖို့ ကတိပြုထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကို အမြန်ဆုံးရရှိဖို့ လိုအပ်နေပြီး ဒီငွေတွေကို တပြားမကျန်အောင် ပွင့်လင်းမြင်သာမှု ရှိစေရမယ်လို့ ဝန်ကြီးချုပ် ရှာဘက်စ်ရှာရိဖ်က ကတိပြုလိုက်ပါတယ်။

ဒီနှစ် ပါကစ္စတန်မှာ မုတ်သုံမိုးနဲ့ ရေဘေးဟာ နိုင်ငံသုံးပုံတပုံကို လွှမ်းမိုးခဲ့ပြီး လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ရေဘေးကယ်ဆယ်ရေးမှာ ဝေးလံခေါင်ဖျားဒေသတွေက မိသားစုတွေကို ကယ်ထုတ်ဖို့နဲ့ ရိက္ခာတွေ ဖြန့်ဖြူးဖို့အတွက် စစ်တပ်သုံး ရဟတ်ယာဉ်တွေကိုပါ အသုံးပြုခဲ့ရတာပါ။

ရေဘေးကြောင့် နဂိုကတည်းက မတည်မငြိမ်ဖြစ်နေတဲ့ တိုင်းပြည်စီးပွားရေးမှာ ဆောက်တည်ရာမရ ဖြစ်မှာကိုလည်း စိုးရိမ်နေရတယ်လို့ ဝန်ကြီးချုပ် ရှာရိဖ်က ပြောပါတယ်။

ပါကစ္စတန်မှာ ငွေကြေးဖောင်းပွမှုဟာ ဇူလိုင်လမှာ ၂၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အခု ရေဘေးကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာနိုင်ခြေလည်း ရှိနေပါတယ်။

ရေဘေးကြောင့် ဂျုံစိုက်ပျိုးရေးလုပ်ငန်းလည်း နောက်ကျခဲ့ရပြီး အထွက်နှုန်းအပေါ်မှာ သက်ရောက်မှုလည်း ရှိလာနိုင်လို့ ရုရှားဆီကနေ ဂျုံသွင်းဖို့အတွက် စတင်ဆွေးနွေးနေပြီလို့ ဝန်ကြီးချုပ် ရှာရိဖ်က ပြောပါတယ်။

2 months Ago
Up