close

ရေလွှာလျှောစီးကစားသမားဟောင်း

close

March 18, 2023

သြစတြေးလျနိုင်ငံသား ရေလွှာလျှောစီးကစားသမားဟောင်း ကမ္ဘာ့စံချိန်သစ်တင်

သြစတြေးလျနိုင်ငံသား ပရော်ဖက်ရှင်နယ် ရေလွှာလျှောစီးကစားသမားဟောင်း ဘလိတ်ခ် ဂျွန်စတန်ဟာ ဆစ်ဒနီကမ်းခြေမှာ ဘုတ်ပြားနဲ့အတူ နာရီပေါင်း ၄၀ကျော်ကြာ စီးနင်းပြရင်း မတ် ၁၇ ရက်က ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ 

ဂျွန်စတန်ဟာ အချိန်အကြာဆုံး ကမ္ဘာ့ရေလွှာလျှောစီးစံချိန်ကို မတ် ၁၇ ရက် အစောပိုင်း ကတည်းက ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး စံချိန်ဟောင်းကိုတော့ တောင်အာဖရိကနိုင်ငံသား ဂျော့ရှ် အန်းစလင်း က နာရီပေါင်း ၃၀၊ ၁၁ မိနစ်နဲ့အတူ ပိုင်ဆိုင်ထားတာပါ။ 

မတ် ၁၆ရက် ဒေသစံတော်ချိန် မနက် ၁နာရီလောက်ကတည်းက ကမ္ဘာ့စံချိန်သစ်တင်နိုင်ဖို့အတွက် ဒီရေလွှာ လျှောစီးမှုကို စတင်ခဲ့တာဖြစ်ပြီး မတ် ၁၇ ရက် ညနေပိုင်းအထိ နာရီပေါင်း ၄၀ကျော်ကြာ ရေထဲမှာ စီးနင်းနိုင်ခဲ့တာကြောင့် အခုလို စံချိန်သစ်တင်နိုင်ခဲ့တာပါ။ 

ဆစ်ဒနီမြို့တောင်ပိုင်းက ခရိုနိုလာကမ်းခြေမှာ ဂျွန်စတန်ရဲ့မိသားစု အပါအဝင် ရာနဲ့ချီတဲ့ ပရိသတ်တွေဟာ သူ ပင်လယ်ထဲက တက်လာတာနဲ့ အားပေး နှုတ်ဆက်ခဲ့ကြပါတယ်။

ဂျွန်စတန်ဟာ ဒီရေလွှာလျှောစီးမှုအတွင်း လှိုင်းပေါင်း ၇၀၀ ကျော်ကို ဖြတ်သန်းပြခဲ့တာ ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေအရ သိရပါတယ်။ 

ဒါ့အပြင် ချမ်ပီပူးလင်း ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းကာ လူငယ်တွေရဲ့  စိတ်ကျန်းမားရေးဆိုင်ရာ ပဏာမလှုပ်ရှားမှုတွေအတွက် ကမ္ဘာ့စံသစ်ချိန်တင်နိုင်မှုက တဆင့် ရံပုံငွေရှာဖွေဖို့ ဂျွန်စတင်က အခုလိုကြိုးပမ်းခဲ့တာပါ။

4 mins Ago
Up