close

ရေအောက်ပိုက်လိုင်း

close

January 27, 2022

ထိုင်းအရှေ့ဘက်ကမ်းရိုးတန်းတွင် ရေအောက်ပိုက်လိုင်းယိုစိမ့်ပြီး ပင်လယ်ထဲ ရေနံယိုဖိတ်

ထိုင်းနိုင်ငံ အရှေ့ကမ်းရိုးတန်း ‘မက်တာဖွတ်’ ပယ်လယ်ဆိပ်ကမ်းစက်မှုဇုန်နဲ့ ကီလိုမီတာ ၂၀ ခန့်အကွာမှာ ပယ်လယ်ရေအောက် ပိုက်လိုင်းယိုစိမ့်မှုကြောင့် ရေနံယိုဖိတ်မှုတွေဖြစ်နေပြီး ထိုင်းရေတပ်နဲ့ အခြားအဖွဲ့တွေ  အရေးပေါ်ဆောင်ရွက်နေကြပါတယ်။

ရေအောက်ပိုက်လိုင်းကို ရေနံဓာတုကုမ္ပဏီ Star Petroleum Refining Public Company Limited (SPRC) က ပိုင်ဆိုင်ပြီး ဇန်နဝါရီ ၂၅ ရက်နေ့က စတင်ပြီး လက်ရှိအချိန် ၁၆၀,၀၀၀ လီတာ (၃၅,၁၉၅ ဂါလန်) လောက် ယိုစိမ့်ခဲ့တယ်လို့  ကုမ္ပဏီမန်နေဂျာက ပြောပါတယ်။

ရေနံယိုစီးမှုက ကမ်းခြေတွေအထိ ရောက်နိုင်တာကြောင့် ငါးဖမ်းသမားတွေ အနားမကပ်ဖို့  ထိုင်းအစိုးရက သတိပေးထားတာပါ။ 

နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ ရာယန်ပြည်နယ် ခိုစမက် အပန်းဖြေကျွန်းကိုလည်း ရောက်နိုင်တယ်လို့ ပြောထားပါတယ်။

SPRC  ကုမ္ပဏီက ရေနံယိုဖိတ်မှုကို ထိန်းထားနိုင်ပြီလို့ ကြေညာပေမဲ့ မနေ့က ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေး ၈ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

10 mins Ago
Up