close

ရေဦးနှင့်တန့်ဆည်

close

October 21, 2021

ရေဦးနှင့်တန့်ဆည်တွင် ယာဉ်များကို ချောဆွဲရန် လိုင်စင်နှင့်အုံနာဘုတ်များ စစ်ကောင်စီသိမ်းဆည်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက မြို့အတွင်း စစ်ဆေးရေး ဂိတ်တွေပြုလုပ်ပြီး အိမ်စီးကားတွေဆီက လိုင်စင်နဲ့အုံနာဘုတ်တွေသိမ်းဆည်းကာ သူတို့ခေါ်တဲ့ နေ့ လာရမယ်လို့ပြောတဲ့အတွက် ယာဉ်ပိုင်ရှင်တွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

“လိုင်စင်နဲ့ အုံနာဘုတ်သိမ်းပြီး ကျနော်တို့ယာဉ်ပိုင်ရှင်တွေကို သူတို့ခေါ်တဲ့နေ့ လာရမယ်။ ချောလိုက်ရမယ်လို့ ပြောတယ်။ ကျနော်တို့က အခြားကားတစီး ငှားလိုက်ပါ၊ ကျသင့်ငွေကို ပေးဆောင်ပါမယ်လို့ ပြောတယ်။ အဲဒါဆို ခင်ဗျားတို့ပဲ ငှားထည့်ပေးပါ။ ကျုပ်တို့ငှားရင် မလိုက်လို့ပါလို့ ပြောပြီး ပိုက်ဆံပေးတော့လည်း လက်မခံဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လိုင်စင်နဲ့အုံနာဘုတ်တွေ သိမ်းဆည်းခံရတဲ့ ယာဉ်ပိုင်ရှင်တွေဟာ စစ်တပ်ခေါ်တဲ့အချိန် မဖြစ်မနေ ချောလိုက်ရတော့မှာဖြစ်လို့ မိုင်းဆွဲခံရမှာ စိုးရိမ်နေကြသလို ကားနံပါတ်မှတ်ထားပြီး ဒလန်ကားဆိုပြီး သတ်မှတ်မှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ခုခံတော်လှန်စစ် ကြေညာပြီးနောက်ပိုင်း ရေဦးမြို့က စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်အချို့ဟာ ယူနီဖောင်းဝတ်ဆင်တာ မရှိတော့ဘဲ အရပ်ဝတ် လက်နက်ကိုင်ဆောင်ပြီး လူမှုရေးကားနဲ့ အရပ်သားကားတွေကို အသုံးပြုကာ ဖမ်းဆီးပစ်ခတ်တာတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။
တန့်ဆည်မြို့မှာလည်း အိမ်စီးကားအပြင် ဒိုင်နာ၊ SKAT ကားတွေအားလုံးကို လိုင်စင် အုံနာဘုတ် စစ်ဆေးနေပြီး သက်တမ်းကုန်ပါက ချောဆွဲနေကြောင်း၊ မလိုက်နိုင်ပါက ငွေ သုံးသိန်း နဲ့ ရွေးခိုင်းတယ်လို့ ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် လိုင်စင် သက်တမ်းမကုန်တဲ့ ကားတွေကိုတော့ ပိုက်ဆံ ၁ သိန်းလောက် တောင်းပြီး ပြန်လွှတ်တယ်လို့ ဆိုပါတယ်။

14 mins Ago
Up