close

ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့

close

October 29, 2021

ရေဦး မီးရထားသံလမ်းကူးအနီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရေးဦးမြို့နယ်၊ သံသည်ရွာ မီးရထားသံလမ်းကူးအနီး စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို အောက်တိုဘာ ၂၈ ရက်က ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ရေဦးမြို့ပြ ပြောက်ကျားအဖွဲ့ (YUG) တို့ ပူးပေါင်းပြီး မိုင်းလေးလုံးဆွဲတိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကာကွယ်ရေးအဖွဲ့က အတည်ပြုပြောပါတယ်။

“မိုးညှင်းအမတ်ကို လာရှာတာဆိုပြီး ချမ်းသာရွာကို မွှေတယ်။ ရွာသားဆယ့်ငါးဦးကို ကနဦး ဖမ်းဆီးပြီး စစ်ဆေးတယ်ဦ အချို့ကိုပြန်လွှတ်တယ်။ ဒီပဲယင်းနယ်က ပျူအချို့လာပြီး စစ်ခွေးတွေနဲ့ပူးပေါင်းပြီး ရေဦးပြန်တယ်၊ အဲဒီမှာမိုင်းဆွဲခံရတာပဲ။ လေးကောင်ထိခိုက်  လဲကျသွားတာ မိုင်းဆွဲသူက မြင်လိုက်တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ရေဦးမြို့ပြ ပြောက်ကျားအဖွဲ့ (YUG) ပူးပေါင်းအဖွဲ့ကတော့တို့ 

အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရမှုနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဘုတလင်မြို့နယ် လက်ပန်၊ အုတ်ဖိုကြား ကားလမ်းဘေးမှာ စစ်ကောင်စီတပ်တွေ ထောင်ထားခဲ့တဲ့ နင်းမိုင်းထိပြီး ပြည်သူတစ်ဦး တစ်စစီဖြစ်သွားတယ်လို့လည်း သိရပါတယ်။

2 mins Ago
Up