close

ရေဦး လွှတ်တော်ကိုယ်စားလှယ်

close

December 1, 2021

ရေဦး လွှတ်တော်ကိုယ်စားလှယ်နှင့် လျှပ်စစ်ဦးစီးမှူး အပါအဝင် ၄ ဦးကို ဖမ်းဝရမ်းထုတ်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က လွှတ်တော်ကိုယ်စားလှယ်နဲ့ လျှပ်စစ်ဦးစီးမှူးအပါအဝင် ၄ ဦးကို နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက ရေဦးမီးပွိုင့်အနီးမှာ ဗွီနိုင်းတွေထောင်ပြီး စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်ကြေညာထားပါတယ်။

မြို့ခံတစ်ဦးက “ဦးမြင့်ထွေးကိုတော့ CRPH, NUG, PDF တွေကို ထောက်ပံ့ဦးဆောင်လို့တဲ့၊ လူငယ်တစ်ဦးကတော့ အလှူငွေကောက်ခံပြီး PDF တွေ ထောက်ပံ့လို့ လို့ပါတယ်။ စစ်ကောင်စီက မီတာခကောက်ခိုင်းတာ မ‌ကောက်လို့ ဆိုပြီး ၅၀၅-က နဲ့ တရားစွဲခံရတဲ့ လျှပ်စစ်ဦးစီးမှူးကိုတော့ အစိုးရ အတွင်းသတင်းတွေ အပြင်ပေးလို့ဆိုတာပါတယ်ဗျ။ တစ်ဦးကတော့ မကျီးတောဥက္ကဋ္ဌ သတ်ဖြတ်ရာ ပါဝင်လို့ဆိုပြီး ပါတယ်။ ရေဦးမြို့လယ်မီးပွိုင့်မှာ ဗွီနိုင်း ထောင်ထားတာ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ ကိုပြည့်မှူးအောင်၊ ဦးဝင်းရွှေနဲ့ မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးထွန်းမြင့်မော်တို့ကို ရေဦးမြို့မရဲစခန်းက ဖမ်းဝရမ်းထုတ် ကြေညာထားတာပါ။

4 mins Ago

October 31, 2021

ရေဦး လွှတ်တော်ကိုယ်စားလှယ် နေအိမ်ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး

စစ်ကိုင်းတိုင်း ရေဦးမြိုက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့ ချိပ်ပိတ်ထားတဲ့ နေအိမ်ကို အောက်တိုဘာ ၃၁ ရက်မနက် ၁ နာရီလောက်က စစ်အင်အား ၃၀ ခန့်လာရောက်ပြီး သော့ဖွင့်ဝင်ကာ ပရိဘောဂပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“သော့ဖွင့်ဝင်ပြီး ဖျက်ဆီးသွားတာ။  တံခါးမကြီးရယ်၊ မှန်ပြတင်းတွေရယ် အတွင်းထဲရှိတဲ့ မှန်ကောင်တာ၊ မှန်‌ဗီရိုတွေကို ရိုက်ခွဲသွားတာပါ။ အခုတံခါးသော့ပြန်ပိတ်သွားတယ်” လို့ ပြောပါတယ်။

ရေဦးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့နေအိမ်ကို အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက အကြမ်းဖက် PDF နဲ့ပတ်သက်တယ်ဆိုပြီး နိုင်ငံပိုင်သိမ်းဆည်းကြောင်း စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ချိပ်ပိတ်သွားတာပါ။

1 month Ago
Up