close

ရောခ့်ဂီတပွဲ

close

September 16, 2022

ဂွါတီမာလာရောခ့်ဂီတပွဲ၌ လူအုပ်ပြိုပြီး ကလေး ၂ ဦးအပါဝင် ၉ ဦးထက်မနည်း သေဆုံး

ဂွါတီမာလာနိုင်ငံအနောက်ပိုင်း ကတ်ဇားလ်-တေနန်းဂိုးမြို့ရှိ ရော့ခ်ဂီတဖျော်ဖြေပွဲတခုမှာ လူအုပ် ပြိုပိရာကနေ ၁၂ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေနဲ့  အရေးပေါ်ဝန်ဆောင်မှုဌာနတွေက စက်တင်ဘာ ၁၅ ရက် မှာ ပြောပါတယ်။ 

စက်တင်ဘာ ၁၅ ရက်မနက်အစောပိုင်း ကွင်းပြင်မှာလုပ်တဲ့ပွဲတော်မှာ လူ ၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဂွါတီမာလာ အနောက်ပိုင်းဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဒလ် ကာမန် ဆာ့ဂျ်ကင်မ်က ပြောပါတယ်။ 

ဒဏ်ရာရသူတွေကို ဆေးရုံလွှဲပြောင်းပေးခဲ့ပြီး အရိုးတွေကျိုးသွားတယ်လို့ ယူဆရကြောင်း ဒေသခံ မီးသတ်သမားတွေက တွစ်တာကနေ ပြောကြားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာမှ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ပွဲကျင်းပရာနေရာမှာ ထွက်ပေါက် ၂ ပေါက်သာရှိပြီး လူတိုင်း ထွက်ပေါက်တွေဆီ အမြန်ပြေးရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာလို့ သိရပါတယ်။ 

ဒီပွဲတော်ဟာ ဗဟိုအမေရိကနိုင်ငံမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နှစ်ပတ်လည်ပွဲအဖြစ် တီးဝိုင်း ၁၀ ဝိုင်းကျော် တီးခတ်ခဲ့ကြတာလို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ 

ပွဲစီစဉ်သူ ကာလာဗဲရာ ပရိုဒွတ်စီယိုနေက သေဆုံးသူတွေရဲ့မိသားစုတွေကို လေးစားတဲ့အနေနဲ့ လာမယ့် လွတ်လပ်ရေးနေ့ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းမှာဖြစ်ပြီး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်တင်အမေရိကမှာ လတ်တလောနှစ်တွေအတွင်း လူအုပ်ပြိုမှုဟာ ပွဲတော်တွေမှာ ဖြစ်လေ့ရှိတတ်တဲ့ မတော်တဆမှုတွေထဲက တခုဖြစ်ပါတယ်။ 

3 mins Ago
Up