ကာတာကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းက ချန်ပီယံဆုဖလားပြန်လည်ရယူဖို့ အချိန်တန်ပြီဖြစ် ကြောင်း ဘရာဇီးဂန္ထဝင်နောက်ခံလူ ရောဘတ်တိုကားလို့စ်က ပြောပါတယ်။
ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံ ၅ ကြိမ်နဲ့ ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်ပေမယ့် ၂၀၀၂ ခုနှစ် နောက်ပိုင်းမှာ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ ရှိပါပြီ။
ကားလို့စ်ကတော့ လက်ရှိအချိန်ဘရာဇီးအသင်းဟာ ကောင်းမွန်တဲ့ခြေစွမ်းပိုင်ဆိုင်ထားပြီး ချန်ပီယံဆုကိုပြန်လည်ရယူဖို့ အချိန်တန်နေပြီဖြစ်တယ်လို့ ပြောပါတယ်။
“ချန်ပီယံဆုဖလားပြန်ယူဖို့ အချိန်တန်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၂ ခုနှစ်နောက်ပိုင်း ကျနော်တို့ချန်ပီယံမဖြစ်သေးတာကြောင့်ဖြစ်တယ်။ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ မလွယ်ပေမယ့် ကျနော်ကတော့ ဘရာဇီးအသင်းကို အကောင်းမြင်ထားပါတယ်။ ဥရောပမီဒီယာတွေမှာလည်း ဘရာဇီးအသင်းက ရေးပန်စားတဲ့အသင်း တစ်သင်းအနေနဲ့ သတ်မှတ်ထားကြတယ်။ သေချာတာပြင်ဆင်ထားမယ်ဆိုရင် ချန်ပီယံထပ်ပြီးဖြစ် နိုင်ပါတယ်” လို့ ကားလို့စ်ကပြောပါတယ်။
ဘရာဇီးအသင်းဟာ ၂၀၂၁ စက်တင်ဘာလနောက်ပိုင်း ၁၃ ပွဲဆက်ရှုံးပွဲမရှိရလဒ်ရရှိထားပါတယ်။ ကမ္ဘာ့ဖလားမှာ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းအသင်းတွေနဲ့ တစ်အုပ်စုတည်းကျ နေပါတယ်။