close

ရောမစစ်စခန်း

close

April 28, 2023

အနှစ် ၂,၀၀၀ သက်တမ်းရှိ ရောမစစ်စခန်း ၃ ခုကို ရှာဖွေတွေ့ရှိ

အောက်စဖို့ဒ်တက္ကသိုလ်က သုတေသီတွေဟာ ဂူဂဲလ်အက်ပ်ကနေ စစ်အခြေစိုက်စခန်းတခုကို ခြေရာခံနိုင်ခဲ့ကြပြီး နှစ်ပေါင်း ၂,၀၀၀ နီးပါး သက်တမ်းရှိတဲ့ ရောမ စစ်တပ်စခန်းသုံးခုကို အာရေဗျသဲကန္တာရမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စခန်းတွေဟာ ဒုတိယရာစုနှစ်အတွင်း ဂျော်ဒန်အရှေ့တောင်ဘက်မှ ဆော်ဒီအာရေဗျနိုင်ငံကို ရောမလှုပ်ရှားမှုသက်သေအဖြစ် သက်သေပြနိုင်ပြီလို့ အကြံပြုထားပါတယ်။

စခန်းတွေကို ပထမဆုံးတွေ့ရှိခဲ့သူ ဒေါက်တာမိုက်ကယ် ဖရက်ဒ်လေက “သူတို့ကို ရောမစစ်တပ်က‌ တည်ဆောက်ခဲ့တာ သေချာသလောက်ရှိတယ်။ ဘေးတဖက်တချက်စီမှာ ဆန့်ကျင်ဘက်ဝင်ပေါက်နဲ့ ပုံမှန်ကစားကွက်ပုံစံအတိုင်း တည်ဆောက်ထားတာ” လို့ ပြောပါတယ်။

စခန်းတွေဟာ ရောမတို့ရဲ့ နောက်ဆုံးဘုရင် Rabble 2 Soter သေဆုံးပြီးနောက် နာဘာတိန်းစ်တွေကို တိုက်ခိုက်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ သုတေသီအဖွဲ့က ယုံကြည်ထားပါတယ်။

ဒေါက်တာ ဖရက်ဒ်လေက ဒီအခိုက်အတန့်ကို ညရှုခင်းစကေးနဲ့ချိန်ပြီး မြင်ရတာ အံဩစရာကောင်းတယ်လို့ ပြောပါတယ်။

ရောမစစ်တပ်ကျွမ်းကျင်ပညာရှင် ဒေါက်တာမိုက်ဘီရှော့က “ဒီစခန်းတွေဟာ အံ့မခန်း ရှာဖွေတွေ့ရှိမှုအသစ်နဲ့ အာရေဗျမှာတိုက်ပွဲဝင်ခြင်းဆိုင်ရာ အရေးကြီးတဲ့ ထိုးထွင်းသိမြင်မှုတခု” လို့ ပြောပါတယ်။

Source - Sky News

11 mins Ago
Up