close

ရော့ကတ်ဒုံးကျည်စနစ်

close

May 31, 2022

ယူကရိန်းကို ရော့ကတ်ဒုံးကျည်စနစ် ပေးရန် အစီအစဉ် မရှိဟု အမေရိကန်သမ္မတ ပြော

အမေရိကန်ပြည်ထောင်စုက ယူကရိန်းဆီကို စစ်လက်နက်တွေ ကူညီပေးနေပေမယ့် ရော့ကတ် ဒုံးကျည်စနစ်ကိုတော့ ပို့ပေးဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က မေ ၃၀ ရက်မှာ ပြောပါတယ်။ 

အမေရိကန်အစိုးရက ယူကရိန်းကို တာဝေးပစ် ဒုံးကျည်စနစ် ပို့ပေးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာ သမ္မတ ဘိုင်ဒင်က အခုလို ပြောလိုက်တာပါ။ 

“ယူကရိန်းဆီကို ရော့ကတ်ဒ် ဒုံးကျည်စနစ်တွေ မပို့ပါဘူး” လို့ ဒါလဝဲ ပြည်နယ်ကို ခရီးထွက်ရာကနေ အိမ်ဖြူတော် ပြန်ရောက်လာတဲ့ သမ္မတက ပြောပါတယ်။ 

ယူကရိန်းအစိုးရက မိုင်ရာချီ အဝေးကို ဆက်တိုက်ပစ်လွှတ်နိုင်တဲ့  MLRS  လို့ အတို ကောက်ခေါ်တဲ့ တာဝေးပစ် ဒုံးကျည်စနစ်ကိုရဖို့ ကြိုးစားနေတာပါ။

စီအန်အန်နဲ့ ဝါရှင်တန်ပို့စ်တို့က မေ ၂၇ ရက်မှာ ထုတ်လိုက်တဲ့ သတင်းတွေမှာ အမေရိကန် အစိုးရက HIMARS လို့ အတိုကောက်ခေါ်တဲ့ ရော့ကတ်ဒုံးစနစ်ကိုလည်း ယူကရိန်းကို စစ်ရေး အကူအညီရဲ့ အစိတ်အပိုင်းအဖြစ် ပို့ပေးဖို့ ရှိတယ်ဆိုပြီး ရေးသားဖော်ပြခဲ့ကြပါတယ်။ 

32 seconds Ago
Up