close

ရော့ခ်အဆိုတော်

close

March 20, 2023

ရော့ခ်အဆိုတော်ကြီး ရော့ဒ်စတီးဝပ် ကျန်းမာရေးကြောင့် ဩစတြေးလျရှိုးပွဲကို ဖျက်သိမ်း

ဂန္ထဝင်ရော့ခ်အဆိုတော်ကြီး ရော့ဒ်စတီးဝပ်ဟာ စင်ပေါ်မတက်ခင် ၆ နာရီ အလိုမှာ သူ့ရဲ့ ဖျော်ဖြေပွဲကို ကျန်းမာရေးပြဿနာကြောင့် ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့တဲ့အတွက် ပွဲကြည့်ဖို့ ပြင်ဆင်နေတဲ့ ဩစတြေးလျ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

လန်ဒန်ဇာတိ ရော့ဒ်စတီးဝပ် ဟာ ရှိုးပွဲကို ဖျက်သိမ်းခဲ့တဲ့အတွက် သူရဲ့ အင်စတာဂရမ်မှာ တောင်းပန်ခဲ့ပြီး "မင်္ဂလာပါ သူငယ်ချင်းတို့။ A Day on The Green အတွက် လက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်တွေကို စိတ်ပျက်စေတဲ့အတွက် စိတ်မကောင်းပါဘူး"လို့ ရေးသားခဲ့ပါတယ်။

"ဒီမနက်နှောင်းပိုင်းက ဗိုင်းရပ်စ်ကူးစက်ခံရပြီး သီချင်းဆိုဖို့ လည်ချောင်းတွေအရမ်းယားယံ နေတယ်။ ကျနော်ဟာ လူသားတစ်ယောက်သာ ဖြစ်ပြီး ခင်ဗျားလိုပဲ ဖျားတယ်။  ကျနော်ရဲ့ အကြီးကျယ်ဆုံး ပျော်ရွှင်မှုက ပရိသတ်တွေအတွက် ဖျော်ဖြေရတာပါ။ ဒါကြောင့် ကုသပြီး စင်ပေါ်ပြန်တက်ဖို့ တတ်နိုင်သမျှလုပ်နေတယ်" လို့ ရောဒ်စတီဝပ်က ဆိုပါတယ်။

အသက် ၇၈ နှစ်ရွယ် ရော့ခ် ဂန္ထဝင်  ရော့ဒ်စတီးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက Adelaide Entertainment Center Arena က သူရဲ့ ဖျော်ဖြေပွဲကိုတော့ ဆက်လက်ပြုလုပ်သွားမယ်လို့ မတ် ၂၀ နေ့မှာ အတည်ပြု ထုတ်ပြန်ထားပါတယ်။

အင်္ဂါနေ့ ညနေပိုင်းမှာ Adelaide စင်မြင့် မှာ ပရိသတ် ၁၁,၀၀၀ ကိုဖျော်ဖြေမှာဖြစ်ပြီး၊ မတ်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဆစ်ဒနီမှာ ဖျော်ဖြေဖို့ရှိကာ ဧပြီ ၁ ရက် စနေနေ့မှာတော့ Hunter valley  မှာ ဖျော်ဖြေဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

ရောဒ်စတီးဝပ်ဟာ လက်ရှိမှာ Cyndi Lauper၊ Jon Steven  တို့နဲ့အတူ နိုင်ငံခြားဖျော်ဖြေရေးခရီးသွားနေတာဖြစ်ပြီး၊ သူတို့သုံးယောက်ဟာ မတ် ၁၁ ရက် နေ့က ဩစတြေးလျနိုင်ငံ၊ ပတ်သ်မြို့မှာ ပထမဆုံး အတူဖျော်ဖြေခဲ့ပါတယ်။

3 mins Ago

July 25, 2020

ရော့ခ်အဆိုတော် ဖော်ကာ အကဲဖြတ်အမှတ်ပေးမည့် ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ(ရုပ်သံ)

နာမည်ကြီး ရော့ခ်အဆိုတော်တယောက်ဖြစ်တဲ့ Wanted အဖွဲ့မှ ဖော်ကာကိုယ်တိုင် အကဲဖြတ်အမှတ်ပေးမယ့် ကာရာအိုကေသီချင်းဆိုပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အွန်လိုင်းပေါ်မှာ ကျင်းပနေပါတယ်။ အချိန် ၇ ရက်တာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲကိုတော့ JOOX Myanmar အပလီကေးရှင်းကနေ စီစဉ်တာဖြစ်ပြီး JOOX Karaoke Battle Activity စာမျက်နှာထဲက သတ်မှတ်ပေးထားတဲ့ ဖော်ကာရဲ့ သီချင်း ၁၀ ပုဒ်ထဲက ကြိုက်နှစ်သက်ရာ သီချင်းတွေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ဝင်ပြိုင်ထားတဲ့သီချင်းကို လူမှုကွန်ရက်တွေပေါ်မှာ သူငယ်ချင်းတွေဆီ ဝေမျှရင်းနဲ့ Like* အများဆုံးရအောင် ပြိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့သူ ၅ ယောက်ကို ဖော်ကာ ကိုယ်တိုင်ရွေးချယ်ပြီး လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။ အကောင်းဆုံး Winner ၅ ယောက်ကို ဆုကြေးအနေနဲ့ Canal+/JOOX VIP 360 days/ K Plus 360 days နဲ့ 100 coins ပေးသွားမှာ ဖြစ်တယ်လို့ ဖော်ကာရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up