နောက်ခံလူ ဖိုဖန်နာအတွက် ချဲလ်ဆီးအသင်းရဲ့ကမ်းလှမ်းချက်တွေဟာ လုံလောက်မှုမရှိသေး ကြောင်း လက်စတာနည်းပြ ရော်ဂျာက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ လက်စတာမှာ ခြေစွမ်းပြနေတဲ့ ပြင်သစ်ဗဟိုနောက်ခံလူ ဖိုဖန်နာကို ခေါ်ယူဖို့ ကမ်းလှမ်းမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေသေးတာပါ။
အသက်၂၁ နှစ်ရှိ နောက်ခံလူဟာ ပြီးခဲ့တဲ့ မတ်လကမှ လက်စတာနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုထားတာပါ။
လက်စတာအသင်းဟာ ဖိုဖန်နာအတွက် စတာလင်ပေါင်သန်း ၈၀ အထိ သတ်မှတ်ထားပြီး ချဲလ်ဆီးဘက်က ဒုတိယအကြိမ်ကမ်းလှမ်းတဲ့ ပေါင် ၆၅ သန်းနဲ့ ဈေးမတည့်သေးပဲ ဖြစ်နေရတာပါ။
ချဲလ်ဆီးရဲ့ကမ်းလှမ်းမှု ၂ ကြိမ်ကို နည်းပြရော်ဂျာကလည်း အတည်ပြုခဲ့ပြီး လိုချင်တဲ့ဈေး မရဘူးဆိုရင် ရောင်းချမှာမဟုတ်ကြောင်း ပြောပါတယ်။
လက်စတာဘက်ကတောင်းဆိုတဲ့ ပေါင်သန်း ၈၀ ဟာ နောက်ခံလူတယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်နေပြီး ချဲလ်ဆီးဘက်ကထပ်မံ ကမ်းလှမ်းမလားဆိုတာ မသိရသေးပါဘူး။
ပေါင်သန်း ၁ဝဝ ကျော်အထိ စျေးပေးနေတဲ့ မက်ဒီဆန်နဲ့ ဖိုဖန်နာအတွဲကို ရောင်းချမှာမဟုတ် ကြောင်း လက်စတာနည်းပြရော်ဂျာကပြောပါတယ်။
လက်စတာကွင်းလယ်တိုက်စစ်ကစားသမား မက်ဒီဆန်ကို နယူးကာဆယ်အသင်းက ပေါင်သန်း ၄ဝ နဲ့ တရားဝင်ကမ်းလှမ်းထားတာပါ။
အလားတူ နောက်ခံလူ ဖိုဖန်နာကိုလည်း ချဲလ်ဆီးအသင်းက ပေါင်သန်း ၆၀ ကျော်နဲ့ ကမ်းလှမ်းဖို့ပြင်ဆင်နေတာပါ။
အင်္ဂလန် ကွင်းလယ်လူ မက်ဒီဆန်အတွက် ကာဆယ်ရဲ့ကမ်းလှမ်းချက်ကို လက်စတာက ငြင်းဆန်ထားပြီး ပေါင်သန်း ၅ဝ ကျော်အလိုရှိနေတာပါ။
နည်းပြ ဘရန်ဒန်ရော်ဂျာကတော့ လာမယ့်ရာသီအတွက် အကောင်းဆုံးပြင်ဆင်မှုတွေ လုပ်ဆောင်နေလို့ မက်ဒီဆန်နဲ့ ဖိုဖန်နာတို့ကို ရောင်းချမှာမဟုတ် ကြောင်း တရားဝင်အသိပေးခဲ့ပါတယ်။
မက်ဒီဆန်ဟာ အသင်းနဲ့ ၂ နှစ်သက်တမ်းပဲကျန်တော့ပြီး ကာဆယ်ဘက်က လည်းစျေးနူန်း တိုးမြှင့်ကမ်းလှမ်းလာရင်တော့ နည်းပြက မရောင်းချင်ပေမဲ့လည်း လက်စ တာဘက်က လက်ခံစဉ်းစားဖို့ရှိနေပါတယ်။