close

ရော်နယ်ဒင်ညို

close

July 16, 2022

ရော်နယ်ဒင်ညိုကြောင့် ဘာစီလိုနာကို ရွေးချယ်ခြင်းဖြစ်ဟု ရာဖင်ညာ ပြော

ရော်နယ်ဒင်ညိုရဲ့ လွှမ်းမိုးမှုကြောင့် ဘာစီလိုနာအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကစားသမားသစ် ရာဖင်ညာ ကပြောပါတယ်။

ဘရာဇီးလက်ရွေးစင်ဟာ ပရီးမီးယားလိဂ်က ချဲလ်ဆီးနဲ့ အာဆင်နယ် အသင်းတွေရဲ့ကမ်းလှမ်းချက်တွေကိုပယ်ချပြီး ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တာပါ။

အဲဒီဆုံးဖြတ် ချက်ဟာ ဘရာဇီးနဲ့ ဘာစီလိုနာဂန္ထဝင် ကစားသမားဖြစ်သူ ရော်နယ်ဒင်ညိုရဲ့လွှမ်းမိုးမှုကြောင့်ဖြစ်ပြီး  ငယ်စဉ်ကတည်းက ဘာစီလိုနာမှာကစားဖို့ အိပ်မက်ရှိခဲ့တယ်လို့ ရာဖင်ညာကပြောပါတယ်။

ဘာစီလိုနာ အသင်းကိုစတင်ကြည့်ရူချိန်က ရော်နယ်ဒင်ညိုကို သဘောကျခဲ့ပေမယ့် မိမိရဲ့ကစားပုံ အရတော့ ရော်နယ်ဒင်ညိုနဲ့ ကွဲပြားခြားနားမှုတွေရှိတယ်လို့လည်း ရာဖင်ညာကပြောသွားပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘရာဇီး ရှေ့တန်း တိုက်စစ်မှူး ရာဖီနာဟာ သူ့ရဲ့ ငယ်ဘ၀ အိပ်မက်ဖြစ်တဲ့ ဘာစီလိုနာ အသင်းမှာ ကစားရတော့မှ ဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။ 

သူ့ရှေ့က ဘာစီလိုနာမှာ ကစားခဲ့တဲ့ နာမည်ကျော် ဘရာဇီး ဘောလုံးသမားတွေဖြစ်တဲ့ ရိုမာရီယို၊ ရိုနယ်ဒို၊ ရော်နယ်ဒင်ဟို၊ နေမာတို့ရဲ့ ခြေရာကို နင်းနိုင်ဖို့ သူက မျှော်လင့်နေတာပါ။

ရာဖီနာဟာ လိဒ်ယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး ဘာစီလိုနာနဲ့ ၂၀၂၇ ဇွန်အထိ ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းပေးချေပြီးခေါ်ယူ ခဲ့တာဖြစ်ပါတယ်။ 

39 seconds Ago

April 28, 2020

ထောင်ထဲတွင် နေရမည်ဟု တခါမှ မတွေးခဲ့ဖူးကြောင်း ရော်နယ်ဒင်ညိုပြော

ထောင်ထဲမှာ နေခဲ့ရလိမ့်မယ်လို့ တကြိမ်တခါမှ မတွေးခဲ့ဘူးကြောင်း ဘရာဇီး ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ညိုက ပြောပါတယ်။ ဘရာဇီးနဲ့ ဘာစီလိုနာ ကစားသမားဟောင်း ရော်နယ်ဒင်ညိုဟာ ပတ်စ်ပို့အတု ကိုင်ဆောင်မှုကြောင့် ပါရာဂွေးနိုင်ငံမှာ သူ့ရဲ့အစ်ကိုနဲ့အတူ အဖမ်းခံခဲ့ရတာပါ။ ထောင်ထဲမှာ ၃၂ ရက်ခန့် နေထိုင်ခဲ့ရပြီးနောက် လက်ရှိအချိန်မှာ နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ထိန်းသိမ်းခံနေရကာ အမှုကိုလည်း ဆက်လက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။  ဟိုတယ်တခုမှာ အကျယ်ချုပ်နဲ့ နေထိုင်ရစဉ်မှာ ပါရာဂွေးရုပ်သံ ABC နဲ့ အင်တာဗျူးခဲ့ပြီး ဒီလို အခက်ခဲဆုံးအချိန်တွေ ကြုံတွေ့ခဲ့ရလိမ့်မယ်လို့ မတွေးခဲ့ဘူးကြောင်း ရော်နယ်ဒင်ညိုက ပြောပါတယ်။ ရော်နယ်ဒင်ညိုနဲ့ သူ့ရဲ့အစ်ကိုဖြစ်သူဟာ ပါရာဂွေးကုမ္ပဏီတခုက ပေးတဲ့ ပတ်စ်ပို့စ်နဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး အတုပြုလုပ်တယ်လို့ တရားစွဲဆိုခံထားရမူပေါ်မှာ အံ့အားသင့်မိပြီး အမှန်အတိုင်း ပေါ်ပေါက်စေချင်တယ်လို့ ရော်နယ်ဒင်ညိုက ပြောပါတယ်။
2 years Ago
Up