close

ရော်နယ်လ်ဒို

close

May 4, 2022

ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရော်နယ်လ်ဒိုနှင့် မာလ်ဒီနီတို့ အကြိမ်အများဆုံး ကစားထား

ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် ဗိုလ်လုပွဲ အကြိမ်အများဆုံး ကစားထားတဲ့ ကစားသမားစာရင်းမှာ မန်ယူအသင်းရဲ့ ပေါ်တူဂီ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနဲ့ အေစီမီလန်အသင်းရဲ့ အီတလီ ဂန္ထဝင်နောက်ခံလူ မာလ်ဒီနီတို့က ၆ ကြိမ်စီနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေကြောင်း သိရပါတယ်။

အကြိမ်အများဆုံး ကစားထားတဲ့ ကစားသမား ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ အခုရာသီ ဗိုလ်လုပွဲကစားဖို့ မျှော်လင့်နိုင်တဲ့ ကစားသမားအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာက ၄ ကြိမ်နဲ့ ပါဝင်နေပါတယ်။

1 min Ago
Up