အာဆင်နယ်နဲ့ နောဝှစ်ချ်နဲ့ပွဲမှာ နောဝှစ်ချ်ဘက်က ဂိုးစတင်ရရှိမယ်ဆိုရင် ပရိသတ်တွေက ဘက်ပြောင်းအားပေးမှာကို စိုးရိမ်မိတယ်လို့ အာဆင်နယ်ကစားသမား ဟောင်းရေးပါလာ ကပြောပါတယ်။
ရေးပါလာဟာ အာဆင်နယ်မှာ ၁၂ ကြာကစားခဲ့ပြီး အောင်မြင်မှုတွေရယူခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ ဟောင်းတစ်ဦးပါ။ လက်ရှိအချိန်မှာ ဘောလုံးသုံးသပ်သူအဖြစ် လုပ်ဆောင်နေတဲ့ ရေးပါလာကတော့ အသင်းဟောင်း အာဆင်နယ်အသင်းအနေနဲ့ နောက်ထပ်ရူံးပွဲထပ်ကြုံတွေမှာကို စိုးရိမ်နေတာဖြစ် ပါတယ်။
စနေနေ့ ကစားမယ့်ပွဲစဉ်မှာ နောဝှစ်ချ်က ဂိုးစရမယ်ဆိုရင် အာဆင်နယ်ပရိတ်တွေဘက်က အားပေးမှုပြောင်းလဲသွားနိုင်ပြီး ပြိုင်ဘက်အသင်းကို အားပေးတာမျိုးဖြစ်လာမှာကို အလွန်စိုးရိမ်တယ်လို့ ရေးပါလာကပြောပါတယ်။
အာဆင်နယ် အသင်းအနေနဲ့ ဂိုးစပေးရပြီး ဖိအားရှိသွားစေမယ့် အခြေအနေမျိုး ဖြစ်မလာဖို့ မျှော်လင့်ပြီး နိုင်ပွဲစတင်ရရှိစေ ချင်တယ်လို့ ရေးပါလာကပြောပါတယ်။ အာဆင်နယ်ပရ်သတ်တချို့ဟာ မန်စီးတီးနဲ့ပွဲမှာ ပြိုင်ဘက်ဂိုးရချိန်မှာ အားပေးခဲ့ဖူးပါတယ်။ အာဆင်နယ်အသင်းဟာ အဖွင့် ၃ ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့တာကြောင့် ပွဲစဉ် ၄ မှာ ရလဒ်မကောင်းခဲ့ရင် ၁၁၈ နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေကြုံတွေ့သွားမှာ ဖြစ်ပါတယ်။