close

ရေးဘီလူးအဖွဲ့ဝင်

close

March 15, 2022

ရေးဘီးလူးအဖွဲ့ဝင်များကို တွေ့ရှိလျှင် သတင်းပေးရန် စစ်ကောင်စီက ဆုငွေထုတ်

ရေးဘီးလူး အဖွဲ့သားတွေကို တွေ့ရှိသတင်းပေးပါက ဆုချီးမြှင့်မယ့်အကြောင်း မွန်ပြည်နယ်  ရေးမြို့ပေါ်ရှိ လူစည်ကားရာအချက်အချာကျတဲ့ နေရာတွေမှာ စစ်ကောင်စီက ဗွီနိုင်းတွေ လိုက်ချိတ်ပြီး ကြေညာနေတယ်လို့ သိရပါတယ်။

မတ် ၁၄ ရက်နေ့ အသိပေးကြေညာချက်မှာတော့ ရေးဘီးလူး အဖွဲ့သားတွေဟာ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်နေတာကြောင့် အဆိုပါအဖွဲ့ကို တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းကို သတင်းပေးပို့ကြဖို့ ပါရှိပါတယ်။

ရေးဘီးလူးအဖွဲ့ကို အားပေးကူညီထောက်ပံ့တာ၊   ဆက်သွယ်တာ၊ လူမှုကွန်ရက် စာမျက်နှာကနေ Like & share / comment တွေ ရေးသားပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး ဖမ်းဆီးရမိပါက သတင်းပေးသူအား ဆုငွေချီးမြှင့်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေးဘီးလူးအဖွဲ့ဟာ စစ်ကောင်စီနဲ့ နီးစပ်နေတဲ့ သတင်းပေးလို့ စွပ်စွဲခံထားရတဲ့ တပ်မတော်အငြိမ်းစား ဗိုလ်မှူး ၁ ဦး၊ ကျောင်းဆရာမ ၁ ဦးအပါဝင် အနည်းဆုံး ၃ ဦးထက်မနည်း ရှင်းလင်းထားပါတယ်။

စစ်ကောင်စီက အခုလို ဆုငွေထုတ်ထားတဲ့အပေါ် ရေးဘီးလူးအဖွဲ့ဝင်တဦးက အတားအဆီးပိတ်ဆို့ထားတဲ့ ကြားကနေ ရအောင် စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှကို ဆက်လက် ချေမှုန်းသွားမယ်လို့ ပြောပါတယ်။

2 mins Ago
Up