close

ရေးမြို့နယ်ကမ်းခြေ

close

March 4, 2023

ရေးမြို့နယ်ကမ်းခြေတွင် သေနတ်ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ သောင်ပြင် - ကျိုက်မင်ဝကမ်းခြေမှာ မတ် ၄ ရက် နေ့လယ် ၁၂ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ပြီး ဆိုင်ကယ်စီးလုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူငယ် နှစ်ယောက် ပင်လယ်ကမ်းခြေဘက်သို့ ဆိုင်ကယ်နဲ့သွားနေစဉ် ဆိုင်ကယ်စီးလာသူ အမျိုးသား နှစ်ယောက် အနောက်က လိုက်လာပြီး သေနတ်ပစ်ကာ ဆိုင်ကယ်လုယက်သွားခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဆိုင်ကယ်လုယက်ခံရပြီး သေနတ်ဒဏ်ရာရခဲ့တဲ့ လူငယ် နှစ်ယောက်ကို လမိုင်းဆေးရုံကနေ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဆိုင်ကယ်လုယက်ခံရသူတွေဟာ မော့ကနင်ကျေးရွာက ဖြစ်ပြီး သေနတ်ဒဏ်ရာရသူ အမျိုးသမီး တယောက်ဟာ ဘယ်ဘက် ဝမ်းဗိုက် ကျည်ထိမှန်ထားခဲ့ရတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေခဲ့တယ်လို့သိရပါတယ်။

လမိုင်းမြို့ဘက်မှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ခိုးဆိုးလုယက်မှုတွေ အများဆုံးဖြစ် လာပြီး တော့ အခုလို သေနတ်ကိုင်ဆောင်ပြီး လုယက်မှုဖြစ်စဥ်တွေဟာ ရေးမြောက်ပိုင်းဘက်မှာ မကြာခဏသလို ဖြစ်လာခဲ့ပါတယ်။

6 mins Ago
Up