close

ရေးမြို့ PDF နှင့် စစ်ကောင်စီတပ်

close

August 29, 2021

ရေးမြို့ PDF နှင့် စစ်ကောင်စီတပ် ပထမဆုံးအကြိမ် ပစ်ခတ်မှုဖြစ်

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာမှာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းတို့ သြဂုတ် ၂၈ ရက်နေ့ည ၈ နာရီခွဲအချိန်က နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မော့ကနင်ကျေးရွာမှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်း တပ်ဖွဲ့ဝင်တွေကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လျှပ်တပြက် တိုက်ခိုက်ခဲ့တာလို့ PDF က ထုတ်ပြန်ပါတယ်။

နှစ်ဖက် နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း၊ ရေးမြို့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာပြီးတဲ့နောက် စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အနီးအနားဝန်းကျင်က ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ရေးမြို့ PDF နဲ့ စစ်ကောင်စီတပ်တို့ အခုလို ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားတာ ပထမဆုံးအကြိမ်ဖြစ်ပြီး တပ်မတော်သားတွေ အာဏာဖီဆန်ရေး (CDM) မှာပါဝင်လာအောင် သတိပေးပစ်ခတ်တာလို့ ရေးမြို့ PDF က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်တစ်စုံတရာမရှိဘူးလို့ ဆိုပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

4 mins Ago
Up