close

ရေး-ထားဝယ် ကားလမ်း

close

September 6, 2022

တိုက်ပွဲဖြစ်ပြီးနောက် ရေး-ထားဝယ် ကားလမ်း ပိတ်ထားသဖြင့် ခရီးသွားများ ပိတ်မိနေ

ရေး-ထားဝယ် ကားလမ်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လမ်းပိတ်ထားတာကြောင့် ခရီးသွားတွေ မွန်ပြည်နယ် ရေးမြို့နယ်မှာ သောင်တင်ပိတ်မိနေကြတယ်လို့ ရေးဒေသခံတွေက ပြောပါတယ်။

လက်ရှိ လမ်းပိတ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ခရီးသည်တဦးက  “ရေး -မလွှဲတောင် စစ်ဆေးရေးဂိတ်ကနေ ပိတ်ထားတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ခရီးသွားတွေမှာ နှစ်ရက်သုံးရက်လောက်ရှိပြီ ရေးမြို့နယ်က ဧည့်ရိပ်သာတွေမှာ ရာနဲ့ချီ သောင်တင်ပိတ်မိနေပါတယ်။ အများဆုံးက မြန်မာနိုင်ငံအထက်ပိုင်း အလယ်ပိုင်းဒေသ အသီးသီးက လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုဖြစ်များတဲ့ ဒေသဘက်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက် သွားရောက်ကြမယ့် ခရီးသွားတွေဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရေး-ထားဝယ်-ကားလမ်းမပေါ်မှာ စစ်ကောင်စီ ယာဉ်တန်းတွေဟာ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ချုံခိုတိုက်ခိုက်ခံရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံနေရတာကြောင့် ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်း ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်လို့ အိုးအိမ်စွန့်ခွာလာကြတဲ့သူတွေ သိန်းနဲ့ချီရှိနေပြီး အိမ်နီးချင်းနိုင်ငံဘက်ကိုထွက်ခွာသွားကြသူတွေမှာလည်း အများပြားရှိနေခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီးသွားကြတဲ့ မြန်မာနိုင်ငံသားတွေ  ပွဲစားတွေရဲ့ လိမ်လည်ခံရတာ ဖမ်းဆီးခံရတာတွေလည်းရှိသလို တရားမဝင်ခိုးသွားတဲ့သူတွေထဲမှာလည်းထွက်ပြေးဖို့ ကြိုးစားရင်း အသက်ပါဆုံးရှုံးရသူတွေလည်းရှိနေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၆ လအတွင်းမှာ စီးပွါးရေး ပြန်လည်ဦးမော့အောင် လုပ်မယ်လို့ ပြောနေပေမဲ့ အောင်မြင်မှုမရဘဲ ပြည်သူတွေ စီးပွါးရေး အကျပ်အတည်းနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။

10 hours Ago

June 29, 2020

ရေး-ထားဝယ်သွား ကားလမ်းပေါ်၌ ယာဉ်တိုက်မှု ၃ နေရာ ဖြစ်ပွား

မွန်ပြည်နယ်၊ ရေးမြို့ ရေး-ထားဝယ်ကားလမ်းမှာ ဇွန် ၂၈ ရက်နေ့  တညတည်း မော်တော်ယာဉ်တိုက်မှု ၃ နေရာ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ ယာဉ်ထိန်းရဲတွေက ပြောပါတယ်။ ရေး-ထားဝယ်သွားကားလမ်း တနင်္သာရီလမ်းမကြီးရှိ တပ္ပလင် နှစ်ဆူမီးပွိုင့်နေရာမှာ ယာဉ်ကြောလမ်းပြ ဘလောက်တုံးများ ကြွေမွပျက်စီးတဲ့အထိ အမည်မသိယာဉ်တစီးက တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားကာ ယာဉ်မောင်းကို စုံစမ်းနေတယ်လို့ ယာဉ်ထိန်းရဲတွေက ပြောပါတယ်။ ရေး-ထားဝယ်ကား အဏ္ဏဝါတံတား ရေချောင်းဘေးကိုလည်း လိုင်စင်မဲ့ယာဉ်တစီး ထိုးကျပြီး ယာဉ်မောင်းက တိမ်းရှောင်သွားခဲ့တာကြောင့် လိုင်စင်မဲ့ယာဉ်ကို ရေးမြို့မရဲစခန်းမှာ သိမ်းဆည်းထားပါတယ်။ ‌ရန်ကုန်-မော်လမြိုင်-ရေးပြေးဆွဲနေတဲ့ အောင်ကျော်မိုး ခရီးသည်တင် မှန်လုံယာဉ်နဲ့ ကံကောင်းခြင်းရတနာထပ်သားစက်ရုံရဲ့ ယာဉ်တို့ အဏ္ဏဝါ အဝေးပြေးယာဉ်ရပ်နားစခန်း အနီးနားမှာ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦးနဲ့ အထပ်သား စက်ရုံ အ၀ယ်တော်ကားမှ လိုက်ပါလာသူ ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဖြစ်စဉ်တွေနဲ့အတူ ရေးမြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်းတွေ ကို ဥပဒေအရ အရေးယူသွားမည်လို့ သိရပါတယ်။ နေမျိုးထွဋ်
2 years Ago
Up