close

ရေး မြစ်ကူးတံတား

close

July 27, 2022

ရေးမြစ်ကူးတံတားတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့၊ ရေး-မြစ်ကူးတံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင်  ၂၇ ရက်နေ့  မနက် ၇ နာရီလောက်မှာ ရေး  PDF က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ရေးမြစ်ရိုးတလျှောက်လုံး နေရာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကင်းပုန်းထူထပ်စွာချထားပြီး လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ ရေး PDF တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ များနိုင်တယ်လို့ MSRO အဖွဲ့က  ပြောပါတယ်။

အခုလို   စစ်ကောင်စီတပ်ကို ၀င်ရောက် တိုက်ခိုက်ခဲ့တာဟာ ကိုဂျင်မီ နဲ့ ကိုဇေယျာသော်တို့အား ကွပ်မျက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO က ၀င်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ရေးမြစ်ကူးတံတားက တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် လက်ရှိမှာ စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ဆို့ပြီး လုံခြုံရေး တင်းကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်-ရေး- ထားဝယ်-မြိတ်  ကားလမ်းပေါ်က ရေးမြစ်ကူးတံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေး PDF တွေရဲ့ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိတယ်လို့ သိရပါတယ်။ 

ရေးမြစ်ကူး တံတားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပက်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ လက်အောက်ခံ စစ်တပ်၊ ရဲ  အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေကို သုတ်သင်ရှင်းလင်းနေတာ ၁ ဒါဇင်ကျော်လောက်ရှိပြီ ဖြစ်ပြီး စစ်ဆင်ရေးအား ထပ်မံအရှိန်မြှင့်သွားမယ်လို့ ဒေသဆိုင်ရာ PDF တွေက ပြောပါတယ်။

7 mins Ago

April 23, 2022

ရေး မြစ်ကူးတံတား စစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရ

ရန်ကုန် - ရေး - ထားဝယ် - မြိတ်ကား လမ်းမပေါ်ရှိ မွန်ပြည်နယ်  ရေးမြို့  ရေးမြစ်ကူးတံတားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဧပြီ  ၂၃ ရက်  မနက်က  တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ရေး-မြစ်ကူးတံတားဘက်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF တွေက ဝင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာကြောင့် ဥယျာဉ်ခြံသမားတွေနဲ့ ယာဉ်တွေ သွားလာရေး အခက်အခဲကြုံရတယ်လို့ ဒေသခံခြံသမား တဦးက ပြောပါတယ်။

ရေးမြစ်ကူးတံတား စစ်ဆေးရေးဂိတ်ဟာ ခရီးသွားယာဉ်တွေ၊ အိမ်စီကားတွေကို ငွေကြေးကောက်ခံနေတာကြောင့် ယာဉ်မောင်းသမားတွေက ဝေဖန်နေကြတယ်လို့ သိရပါတယ်။ 

ရေးမြစ်ကူးတံတား စစ်ဆေးဂိတ်ဟာ မွန်ပြည်သစ်ပါတီ နဲ့ ကေအန်ယူ ထိန်းချုပ်နယ်မြေဘက်ကို တဖက် လမ်းသွယ်ကနေ ဆက်သွယ်သွားလာရတဲ့ လမ်းလည်းဖြစ်ပြီး PDF တွေရဲ့ မကြာခဏ တိုက်ခိုက်ခံရတာလေ့ရှိပါတယ်။

အခုလို ရေးမြစ်ကူးတံတား စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးတာနဲ့ ပက်သက်ပြီး စစ်ကောင်စီရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

3 months Ago
Up