close

ရေ​ကျော်တံတား

close

November 8, 2021

မုံရွာ-ယာကြီး-က​လေးဝ လမ်းရှိ ​​​ရေ​ကျော်တံတား မိုင်းခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-က​လေးဝ လမ်းပိုင်း​ပေါ်မှာရှိတဲ့ ​ရေ​ကျော်တံတား ၁ ခုကို ​နိုဝင်ဘာ ၇ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

မိုင်းခွဲခံလိုက်ရတဲ့​ ရေ​ကျော်တံတားဟာ ၅ မိုင်တိုးဂိတ်အနီးက ​တံတားဖြစ်ပြီး မုံရွာ-ယာကြီး-က​လေးဝ လမ်းပိုင်း​​ပေါ်မှာဖြစ်ပါတယ်။ 

အဲဒီတံတားကို နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီဝန်းကျင်​လောက်က မိုင်းခွဲခံခဲ့ရတာလို့ ​ဒေသခံ​တွေက​ ပြောပါတယ်။ 

တံတားပျက်စီးသွားတာ​ကြောင့် ကားများ သွားလာလို့ မရ​တော့ဘဲ လက်ပံ​ကျေးရွာနဲ့ နဘူး​တော​ကျေးရွာ​တွေဘက်က ​ရှောင်ကွင်းသွားလာ​နေကြရတယ်လို့ သိရပါတယ်။

​ရှောင်ကွင်းသွားလာရတဲ့ ​မြေသားလမ်းပိုင်းဟာ ကျဥ်း​မြောင်းသလို သွားလာရခက်ခဲတာ​ကြောင့် ယာဥ်ပိတ်ဆို့မှု​တွေ မကြာခဏ ဖြစ်​ပေါ်​နေတယ်လို့ ဆိုပါတယ်။ 

ယခင်တုန်းကလည်း မုံရွာ-ယာကြီး-က​လေးဝ လမ်းပိုင်း​ပေါ်က ​ရေ​ကျော်တံတား ၁ ခု မိုင်း ခွဲ ဖျက်ဆီးခံခဲ့ရပြီးဖြစ်သလို ယခု​ရေ​ကျော်တံတားဟာ ဒုတိယ​မြောက် ဖျက်ဆီးခံရတဲ့ တံတားဖြစ်ပါတယ်။

တံတား​​ဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်​ဆောင်တယ်ဆိုတာ မသိရ​သေးသလို ထုတ်ပြန်​ကြေညာတာလည်း မရှိ​သေးပါဘူး။

1 min Ago
Up