close

ရဲစခန်းနှင့်စည်ပင်ရုံး

close

February 26, 2022

လှိုင်သာယာ ရဲစခန်းနှင့်စည်ပင်ရုံး ဖောက်ခွဲခံရ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရုံးရှေ့ ရဲစခန်းနဲ့ စည်ပင်သာယာရုံးကို ဖေဖော်ဝါရီ ၂၅ ရက်က တစ်နေ့တည်း ၃ ကြိမ် ဗုံးဖောက်ခွဲခဲ့တယ်လို့ Zero To Hero အဖွဲ့က သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်အချိန်မှာ ရဲစခန်းရှေ့မှာ ၂ ကြိမ်နဲ့ မွန်းတည့် ၁၂ နာရီ ၁ ကြိမ် ဗုံး ၃ လုံးဖောက်ခွဲခဲ့တာလို့  ဆိုပါတယ်။

ဖောက်ခွဲမှုကြောင့် လူထိခိုက်သေဆုံးမှု အတည်မပြုနိုင်သေးပေမယ့် Zero To Hero မြို့ပြ ပြောက်ကျာ်အဖွဲ့သားတွေ လွတ်မြောက်နေရာကို အန္တရာယ်တစ်စုံတရာ မရှိဘဲ ရောက်ရှိသွားပြီလို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပါက ပြည်သူတွေ ထွက်ကြည့်တာတွေ၊ လေ့လာစပ်စုတာတွေ မပြုလုပ်ကြဘဲ မသိသလို နေပေးကြဖို့လည်း မြို့ပြပြောက်ကျားအဖွဲ့က  အသိပေးထားပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညပိုင်းကလည်း ရန်ကုန်တိုင်း ၉ မြို့နယ်မှာရှိတဲ့ စစ်တပ်ထုတ်ကုန်ရောင်းချနေတဲ့ စတိုးဆိုင် ၉ ဆိုင်နဲ့ မြန်မာဘီယာရောင်းချနေတဲ့ စားသောက်ဆိုင် ၁၅ ဆိုင်ကို သတိပေးဖောက်ခွဲခဲ့တာလို့ ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

8 mins Ago
Up