close

ရဲစခန်းဝင်း

close

August 8, 2021

ပွင့်ဖြူရဲစခန်းဝင်းအတွင်း ရှော့တိုက်ဗုံးပေါက်ကွဲ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ရဲစခန်းဝင်းအတွင်းရှိ ယာဥ်ထိန်းရုံးအနီးမှာ သြဂုတ် ၈ ရက် ညနေပိုင်းက ရှော့တိုက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဆိုပါရှော့တိုက်ဗုံးတစ်လုံးပေါက်မှုကြောင့် လူတွေထိခိုက်မှုရှိမရှိနဲ့ ထိခိုက်ပျက်စီးတဲ့ အခြေနေကိုတော့မသိရသေးပါဘူး။

ဒီပေါက်ကွဲမှုဖြစ်ပြီးနောက်  ရဲစခန်းဝင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  စစ်ဆေးနေသလို လမ်းသွားလမ်းလာပြည်သူတွေကိုလည်း တားမြစ်စစ်ဆေးနေပါတယ်။'

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာလည်း စစ်ကောင်စီခန့် အနောက်လေးအိမ် အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းကုန်ကြီးရွာက ဒလန်အကြီးစားရဲ့ ဖြိုးကမ္ဘာစက်သုံးဆီဆိုင်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။

12 hours Ago
Up