close

ရဲစခန်းအဝင်အထွက်ရှိသူ

close

June 12, 2021

ခင်ဦးမြို့နယ်တွင် ရဲစခန်းအဝင်အထွက်ရှိသူ ၁ ဦး ဓားဒဏ်ရာဖြင့် သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ လောင်းရှည်ရွာမြောက်ဘက် ရွှေသိမ်တော်ဘုရားအနီးမှာ ဇွန် ၁၁ ရက်  ညနေ ၆ နာရီလောက်က  လက်နှစ်ဖက်လုံးပြတ်နေပြီး မျက်နှာဓားဒဏ်ရာနဲ့လူသေအလောင်း တစ်လောင်းတွေ့ရှိခဲ့ပါတယ်။

သေဆုံးသူဟာ လောင်းရှည်ရွာဇာတိ ခင်ဦးမြို့ အောင်သီရိရပ် တမာတောကျောင်းရဲ့ မြောက်ဘက်နားမှာနေထိုင်တဲ့ ကိုဖိုးဇော် ( အသက် ၄၀ နှစ်ခန့် ) ဖြစ်ပြီး ရဲစခန်း အဝင်အထွက်ရှိသူဖြစ်တယ်လို့ သူနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

မြတ်သီရိလူမှုကူညီရေးအသင်းက သူ့ရဲ့အလောင်းကို ကူညီသယ်ယူခဲ့တယ်လို့သိရပြီး  သူ့ကို ဘယ်သူက သတ်သွားတယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

8 mins Ago
Up