close

ရဲစခန်း ဗုံးပေါက်

close

October 30, 2021

မိုးကုတ်မြို့ ရဲစခန်းအနီးဗုံးပေါက်၊ စစ်ကောင်စီတပ်က ဆိုင်ကယ်စီး လူငယ်များကို ပစ်ခတ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းက ရဲစခန်းနားမှာ အောက်တိုဘာ ၂၉ ရက် ည ၉ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက် ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

မနေ့ည ၉ နာရီဝန်းကျင်မှာ ရဲစခန်းရှေ့ ဗုံးပေါက်ပြီးနောက် လူငယ်တွေက ဆိုင်ကယ်တွေနဲ့ သပိတ်ထွက်အော်ပြီးပြေးတာကြောင့် စစ်ကောင်စီ တပ်က ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

“အရင်ဗုံးပေါက်တာ။ စခန်းထဲမှာပေါက်တာ မဟုတ်ဘူး။ အပြင်ဘက်မှာ ပေါက်တာ။ ပြီးတော့ ကလေးတွေက ဆိုင်ကယ်တွေနဲ့ ဒို့အရေး အော်ပြေးတော့ အပေါ်ကနေ သေနတ်တွေနဲ့ပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

1 min Ago
Up