close

ရဲတပ်ဖွဲ့ဝင် ၂ ဦး

close

February 3, 2022

မကွေးတိုင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးတိုင်း ရဲတပ်ဖွဲ့က ရဲတပ်သား ၂ ယောက် YDF (ဆော၊ကျောက်ထု) ကနေတဆင့် ပြည်သူရင်ခွင်ခိုလှုံပြီးတော့ CDM ပြုလုပ်လာတာကြောင့် ဖေဖော်ဝါရီ ၃ ရက်မှာ လွတ်မြောက် နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ YDF (ဆော၊ကျောက်ထု)ကနေ သိရပါတယ်။

မကွေးတိုင်းရဲတပ်ဖွဲ့က လ/ ၂၈၁၇၆၂ ရဲတပ်သား မင်းသီဟာ နဲ့ လ/၂၈၁၇၀၀ ရဲတပ်သား လင်းထက်စိုးတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်အောက်မှာ တာဝန် မထမ်းဆောင်ချင်တာ ကြောင့် ဖေဖော်ဝါရီ ၁ ရက်မှာ YDF (ဆော၊ကျောက်ထု) ကနေတဆင့် CDM ပြုလုပ်ပြီး ပြည်သူ့ ရင်ခွင်ခိုလှုံလာတာလို့ YDF(ဆော၊ကျောက်ထု) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လက်နက် ပစ္စည်းတွေတော့ ပါမလာဘူးဗျ။ ဘာဘဲဖြစ်ဖြစ် ​စစ်အုပ်စုကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်ကို ရဲရဲဝံ့ဝံ့ ရပ်တည်တဲ့ ပြည်သူ့ရဲတွေကို ကျနော်တို့အနေနဲ့ ကြိုဆိုရမှာ ဖြစ်တယ်။”  

ပြည်သူ့ရင်ခွင်ကို ခိုဝင်လာတဲ့ ရဲတပ်သား ၂ ယောက်ကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင်ရှောက်ကာ ဖေဖော်ဝါရီ ၃ ရက်မှာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

YDF (ဆော၊ကျောက်ထု) ကနေတဆင့် နောက်နောင်မှာလည်း စစ်လက်နက်၊ အီကွေးမန့်အပြည်စုံနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ CDM စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်တန်တဲ့ ဆုကြေးငွေ ပေးအပ်ပြီး လွတ်မြောက်နယ်မြေ ပို့ဆောင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

4 mins Ago

December 12, 2020

ကရင်ပြည်နယ်တွင် နယ်ပြောင်းမည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ကိုဗစ်လူနာသစ် ၄၇ ဦးတွေ့ရှိ

ကရင်ပြည်နယ်မှာ မြဝတီမြို့ကနေ အခြားနယ်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မယ့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇ ဦး ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရှိတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတာကြောင့် မြိဝတီမြို့မ ရဲစခန်းကို ပြည်သူတွေသွားလာခွင့် ဒီဇင်ဘာလ ၁၁ ရက်နေ့က ယာယီပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေးဌာနက ရဲစခန်းအတွင်း ပိုးသတ်ဆေးဖျန်းတာတွေ ပြုလုပ်ခဲ့ပြီး ကိုဗစ်ကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုတော့ မြဝတီမြို့ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသ ထားတယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့က တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေကတော့ ဘားအံ ၁၀ ဦး၊ ကော့ကရိတ် ၈ ဦး၊ ဖာပွန် ၂ ဦး၊ မြဝတီက ၂၇ ဦး၊ စုစုပေါင်း ၄၇ ဦးဖြစ်ပါတယ်။ ဖာပွန်ဆေးရုံကြီးမှာ ကုသနေတဲ့ ပိုးတွေ့လူနာသစ်၂ ဦးကတော့ ရန်ကုန်တိုင်း ဒဂုံတောင်ပိုင်းက ၁ ဦးနဲ့ ဒဂုံအရှေ့ပိုင်းက ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ဆေးရုံမှာ ကုသမှုခံယူနေသူ ၂၄၆ ဦး ဆေးရုံဆင်းခွင့်ရသူ ၈၂၉ ဦးနဲ့ သေဆုံးသူ ၁၂ ဦး ရှိပြီလို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
1 year Ago
Up