မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ကျက်ထိုးရဲကင်းစခန်းက ရဲတပ်သားတယောက် ဇွန် ၃ ရက်မှာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး စစ်တပ်ကို အာဏာဖီဆန် CDM ပြုလုပ်တာကြောင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၁၀၀ ပေးအပ်ခဲ့တယ်လို့ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF က နေသိရပါတယ်။
ကမ္မမြို့ ကျက်ထိုးရင်းကင်းစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ကိုယ်ပိုင်အမှတ် လ-၂၇၇၃၁၇ ရဲတပ်သားဖြိုးမင်းအောင်ဟာ MVRFသို့ လက်နက်ခဲယမ်းအပြည်အစုံနဲ့ CDM ပြုလုပ်ခဲ့တယ်လို့ MVRF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ရဲတပ်သားဖြိုးမင်းအောင်ဟာ သူနဲ့အတူ G3သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆန် ၁၀၉ တောင့်နဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတာဖြစ်လို့ MVRF က ငွေကျပ် သိန်း ၁၀၀ ဂုဏ်ပြုဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ ရဲတပ်သားတယောက်ဟာ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ကတဆင့် လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အဆိုပါရဲတပ်သားဆီကနေ သေနတ်တစ်လက်နဲ့ကျည်ဆန် ၁၀၀ လက်ခံရရှိခဲ့ပြီး ပြည် သူ့ကာကွယ်ရေးအဖွဲ့(ဟုမ္မလင်း)က ဂုဏ်ပြုဆုငွေ ကျပ် ၃၈ သိန်း ပေးအပ်ကာ လွတ် မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။
အာဏာအလွဲသုံးစားပြုလုပ်နေတဲ့ လက်တစ်ဆုပ်စာ စစ်အာဏာရှင်တစ်စုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တွေအဖြစ်ကနေ ရုန်း ထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တိုက်တွန်းနှိုးဆော်ထားပါတယ်။
လတ်တလောမှာတော့ စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာ ပါ ဝင်လာသူတွေနဲ့ ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်း ရောက် မြန်မာ့တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုနေတာကို တွေ့ရပါတယ်။