close

ရဲတပ်သား ၂ ဦး

close

July 9, 2022

မြိုင်မြို့နယ်တွင် ရဲတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇူလိုင် ၈ ရက် မနက်က ကိုင်းတောမရဲစခန်းက ရဲတပ်သား နှစ်ယောက် လက်နက်ခဲယမ်းအပြည့်စုံနဲ့ အာဏာဖီဆန် CDM ပြုလုပ်ပြီး  ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းမှာ တာဝန်ကျတဲ့  ကိုယ်ပိုင်အမှတ် လ/၂၆၁၇၃၁ ရဲတပ်သား ပါဆန်းနဲ့ လ/၂၈၄၄၈၈ ရဲတပ်သား လူသော်တို့ နှစ်ယောက်ဟာ စစ်အာဏာရှင်ရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့  ဇူလိုင် ၈ ရက် မနက် ၉ နာရီကျော်လောက်မှာ မြိုင် ပ.က.ဖ ကနေတဆင့် လက်နက်ခဲယမ်းအပြည့်စုံနဲ့ CDM ပြုလုပ်ခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီရဲတပ်သား နှစ်ယောက်မှာ BA 94 ဒေသအခေါ် အူဇီသေနတ် ၂ လက်၊ ကျည်အိမ်၊ ကျည်ဆန် အတောင့် ၉၀ ပါလာပြီး မြိုင် ပ.က.ဖ ထံအပ်နှံခဲ့လို့  တယောက်ကို ကျပ်သိန်း ၅၀ စီဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်လက်ယာက “နောက်နောင်မှာလည်း တပ်ဖွဲ့ဝင်တွေ CDM လုပ်ကြပါလို့ပြောလိုပါတယ်။ ဒီပွဲက ပြည်သူတရပ်လုံးနဲ့ တိုက်တဲ့တိုက်ပွဲဖြစ်တာကြောင့် ပြည်သူ့မျက်နှာကြည့်ပေးစေချင်ပါတယ်”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေ ကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

7 mins Ago

February 18, 2022

ကနီမြို့နယ် ဝင်မနားရဲစခန်းက ရဲတပ်သား ၂ ဦး ပြည်သူ့ကာကွယ်ရေးတပ်ထံ ခိုလှုံ

ကနီမြို့နယ် ဝင်မနားနယ်မြေရဲစခန်းက ရဲတပ်သား ၂ ဦး ဖေဖော်ဝါရ ၁၅ ရက်က  ပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်ချ အလင်းဝင်ရောက်ခိုလှုံခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်းအဖွဲ့က ပြောပါတယ်။

“လက်နက်ကတော့ G4 တစ်လက်၊ ကျည်အတောင့် ၃၅၀ ရယ်၊ ကျည်ဘောက် နှစ်ခုရယ် ပါလာတယ်။ သူတို့ လုံခြုံရေးအရ ကျနော်‌တို့ သတင်းမထုတ်ဘဲထားခဲ့တာပါ။ အခုတော့ သူတို့ လွတ်မြောက်နယ်မြေရောက်သွားပြီ။ လက်နက်ကိုတော့ စာရင်းဇယားလုပ်ပြီး NUG အစိုးရထံ တင်ပြအပ်နှံထားပါတယ်” လို့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

ကနီမြိုနယ် ဝင်မနားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက နှစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ တာကြောင့် စစ်ကောင်စီက လူအင်းအားဖြည့်တင်းထားပါတယ်။ 

ဒါပေမဲ့ တပ်သားတွေကို ရိက္ခာလုံလုံလောက်လောက်မပေးတာ၊ သတင်းအချက်လက် အမှောင်ချ ထားတာတွေ ရှိနေတာကြောင့် စခန်းအတွင်း မညီမျှချက်တွေလည်း ရှိနေတယ်လို့ CDM ဝင်လာတဲ့ရဲတပ်သား နှစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီဝင်မနား နယ်မြေရဲစခန်းဟာ ကနီမြို့ရဲ့မြောက်ဘက် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းကနေ ၁၅ မိုင်ခန့် မှာ တည်ရှိတဲ့ရဲစခန်းတစ်ခုလည်းဖြစ်ပါတယ်။

5 months Ago
Up