close

ရဲနှင့် စစ်သား

close

February 11, 2023

မန္တလေး ချမ်းမြသာစည်တွင် ရဲနှင့် စစ်သား တိုက်ခိုက်ခံရပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈လမ်းရှိ မန္တလာသီရိအားကစားကွင်းအရှေ့ဘက်က ရဲကင်း ဖေ​ဖော်ဝါရီ ၁၀ ရက် နေ့လယ်က​ လက်ပစ်ဗုံး နဲ့ တိုက်ခိုက်ခံရပြီး ၄ ယောက်  ဒဏ်ရာရခဲ့ တယ်လို့ အောင်စည်တော်စစ်ဆင်ရေးက ထုတ်ပြန်ပါတယ်။ 

ရဲကင်းထဲ လက်ပစ်ဗုံး​ပေါက်ကွဲတာကြောင့် ဗိုလ်တယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရ ခဲ့တယ်လို့  သိရပါတယ်။

အနီးနားရပ်ကွက်နေ ဒေသခံတဦးက "ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ ထိတဲ့သူတွေကို မန္တလေးဆေးရုံကို ပို့ထားတယ်"လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၉  ရက်က ချမ်းမြသာစည်မြို့နယ် ရွှေတချောင်းလမ်း၊ သံတောင်ရုံးကို ပစ်ခတ် တိုက်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၁၀ ရက်က ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ အမှုလိုက် ရှေ့နေ ကိုသန်းထွန်းအောင်၊ စာချုပ်ရှေ့နေ မယဥ်မာဝင်း၊ ရိုးရိုးရှေ့နေ ကိုဝင်းကျော်စိုးကို စစ်ကောင်စီတပ်က PDF တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

2 mins Ago

September 12, 2021

လုံလဲရ်တပ်စခန်းကို CNF နဲ့ CDFပူးပေါင်းသိမ်းပိုက်ပြီးနောက် ရဲနှင့် စစ်သားအားလုံး CDM လုပ်

မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ လုံလဲရ်တပ်စခန်းကို ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)  ပူးပေါင်းအဖွဲ့က  တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ 

အဲဒီလုံလဲရ်တပ်စခန်းဟာ ရဲနဲ့ စစ်တပ် ပူးပေါင်း တပ်စွဲထားတဲ့ တပ်စခန်းဖြစ်ပြီး စခန်းမှာရှိတဲ့ တပ်နဲ့ ရဲတွေက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်လိုက်တာဖြစ်ပြီး အင်အားဘယ်လောက်လဲဆိုတာကိုတော့  ဒီဗွီဘီသတင်းဌာနကိုပြောပြတဲ့  သတင်းရင်းမြစ်က လုံခြုံရေးအခြေအနေအရ ပြောမပြခဲ့ပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  ထပ်မံအတည်ပြုနိုင်ဖို့  သက်ဆိုင်ရာ CNF နဲ့ CDF တပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူတွေကို ဒီဗွီဘီသတင်းဌာနက ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

အဲဒီလုံလဲရ်ကျေးရွာကို စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်လို့  ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ချင်းပြည်နယ် မကွီအိမ်နူး တပ်စခန်းကို CDF မင်းတပ်က ဇူလိုင် ၂၄ ရက်နေ့က သိမ်းပိုက်တဲ့အခါမှာလည်း စခန်းမှူး ဗိုလ်ကြီး သိန်းထိုက်နဲ့တပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံခြင်းမပြုလုပ်ပဲ CDM ပြုလုပ်ခဲ့တာကြောင့်  မကွီအိမ်နူးတပ်စခန်းကို မင်းတပ် CDF က တိုက်ပွဲမဖြစ်ဘဲ သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

(ဓာတ်ပုံ- ယခင်  မကွီအိမ်နူးတပ်စခန်းကို သိမ်းပိုက်ခဲ့စဉ်က)

1 year Ago
Up