close

ရဲပြေးစာရင်း

close

July 15, 2022

ဖမ်းဆီးခံ အမျိုးသမီး ၁ ဦးကို အချုပ်မှ ကယ်ထုတ်သွားခဲ့သည့် ရဲတပ်သား ရဲပြေးစာရင်းသွင်းခံရ

မန္တလေးတိုင်း၊ မလှိုင်မြို့မရဲစခန်းကနေ နိုင်ငံရေးမှုနဲ့ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတယောက်ကို ကယ်တင်ကာ ထွက်ပြေးခဲ့တဲ့ ရဲတပ်သား စိုးပိုင်ကို ရဲပြေးစာရင်းသွင်းထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

မလှိုင်မြို့မရဲစခန်းကနေ ဇူလိုင်လ ၁၀ ရက်နေ့မှာ ဖမ်းဆီးခံထားရတဲ့ မအိသန္တာကို ကယ်တင်ပြီး ထွက်ပြေးခဲ့တဲ့ ရဲတပ်သား စိုးပိုင်ကို ဇူလိုင်လ ၁၃ ရက်နေ့က ရဲပြေးအဖြစ်စာရင်းသွင်းထားကြောင်း နေပြည်တော်မှာရှိတဲ့ ဌာနချုပ်ကို သတင်းပေးပို့ခဲ့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ရဲပြေးစာရင်းသွင်းတာပေါ့။ စာရင်းသွင်းရင် သူကို တွေ့တဲ့ နေရာမှာဖမ်းချုပ်ပြီးရင် သက်ဆိုင်ရာ စခန်းပြန်ပို့ပေါ့ အဲ့လိုမျိုးအတွက် တရားဝင်စာရင်းသွင်းလိုက်တယ်ဆိုတဲ့ သဘောပါပဲ။ သူကတော့ သတင်းကြားတာ လွတ်မြောက်နယ်မြေရောက်သွားပြီလို့ ကြားပါတယ်”လို့ ပြောပါတယ်။

ရဲတပ်သား စိုးပိုင်ဟာ ဒေသခံတော်လှန်ရေး တပ်ဖွဲ့ရဲ့ အကူအညီနဲ့ ဇူလိုင် ၁၄ ရက်နေ့မှာ လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရဲပြေးအဖြစ် စာရင်းသွင်းခဲ့လို့ ပြန်လည်ဖမ်းဆီးခံရပါက  ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ ကျခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

9 mins Ago
Up