close

ရဲမိသားစုဝင်

close

September 23, 2021

တန့်ဆည်မြို့နယ်တွင် ရဲမိသားစုဝင် ၄ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လမ်းဆုံမြို့၊ ဂဒုမကျေးရွာမှာနေထိုင်တဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးရဲ့  မိသားစုဝင်  ၄ ဦး စက်တင်ဘာ ၂၂ ရက်‌ ညပိုင်းက အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

“မနေ့ညပိုင်းက အမည်မသိအဖွဲ့တစ်ဖွဲ့က လာသတ်သွားတယ်။ သေဆုံးသူလေးဦးမှာ ရဲတပ်သားရဲ့ ဇနီးရယ်၊ ၄ နှစ်အရွယ်သမီးနဲ့ ဇနီးသည်ရဲ့ မိဘ ၂ ဦးလုံး သတ်ခံခဲ့ရတယ်”လို့ ရွာခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ်အတွင်း အင်အားအလုံးအရင်း ဝင်ရောက်ရှာဖွေ နေပြီး  ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

စက်တင်ဘာ ၂၀ ရက်ကလည်း  တန့်ဆည်မြို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး အာဏာဖီဆန် CDM ပြုလုပ်ကာ ပြည်သူဘက်ကို ပူးပေါင်းခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

9 mins Ago
Up