close

ရဲဝန်ထမ်း

close

June 16, 2021

ငပု​တောရဲစခန်းက ရဲဝန်ထမ်း ၂ ဦးနှင့် အချုပ်သား ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

ဧရာဝတီတိုင်း၊ ငပု​တောမြို့နယ်မှာ  ဇွန်လ ၁၅ ရက်​နေ့ ကိုဗစ်-၁၉ စစ်ဆေးမှုအရ မြို့မရဲစခန်းမှ ရဲ၀န်ထမ်း၂ ယောက်နဲ့  အချုပ်သား ၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ 

ကိုဗစ်ပိုး​တွေ့ရှိသူအားလုံးကို ငပု​တော​ဆေးရုံမှာ ​ဆေးကုသပေးထားပြီး သူတို့နဲ့ ထိစပ်သူတွေအားလုံးကိုလည်း ဆက်လက်စစ်​ဆေးသွားဖို့ လုပ်ဆောင်နေပါတယ်။

ငပု​တောမြို့နယ်မှာ ကိုဗစ် ဒုတိယလှိုင်း​ကာလက ဒေသခံပြည်သူတွေဟာ mask တပ် ၊ လက်ဆေး စတဲ့  ကိုဗစ်အသိပညာ​ပေး​ရေးလုပ်ငန်းတွေ အားကောင်းကောင်းနဲ့ လုပ်နိုင်ခဲ့တဲ့ မြို့နယ် ဖြစ်ပါတယ်။

ဧရာ၀တီတိုင်း​ဒေသကြီးမှာ  ဇန်နဝါရီ ၃၁ ရက်​အထိ ကိုဗစ်​-၁၉ ရောဂါနဲ့  ​သေဆုံးသူ အယောက်  ၆၀ အထိရှိခဲ့​တယ်လို့  တိုင်းကျန်းမာရေးဌာနရဲ့ စာရင်းအရ သိရပါတယ်။

5 mins Ago

March 6, 2021

CDM တွင် ပါဝင်လာသည့် မိုးကုတ် စီးပွားရေးဘဏ်ဝန်ထမ်း ၇ ဦး နှင့် ရဲဝန်ထမ်း ၁၆ ဦးထိရှိလာ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတဲ့ စီးပွားရေးဘဏ်ဝန်ထမ်း ၇ ယောက်နဲ့ ရဲဝန်ထမ်း ၁၆ ယောက်အထိ ရှိလာပြီလို့ CDM ထောက်ပံ့ကူညီရေး အဖွဲ့ဆီက သိရပါတယ်။

အခြားရဲဝန်ထမ်းတွေလည်း CDM မှာ ပူးပေါင်းပါဝင်လာဖို့ စုံစမ်းလာတာမျိုးရှိသလို မိုးကုတ်တိုင်းရင်းဆေးရုံကလည်း CDM မှာ ပူးပေါင်းပါဝင်လာကြတယ်လို့ သိရပါတယ်။

မိုးကုတ် CDM ထောက်ပံ့ရေးကော်မတီက ဝန်ထမ်း ၂၇၈ ယောက်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၄၅၀ နဲ့ ဆန်အိတ်ငယ် ၁၃၃၉အိတ်ကို ထောက်ပံ့ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုတွေကိုလည်း နေ့စဉ် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြနေကြပါတယ်။

3 months Ago
Up