ပဲခူးတိုင်း ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ရဲသင်တန်းကျောင်းအနီး အ.ထ.က ကျောင်းဝင်းထဲက ရဲကင်းမှာ ဇန်နဝါရီ ၃၁ ရက် မနက် ၈ နာရီ ၂၀ လောက်က ဗုံးပေါက်ကွဲပြီး ရဲတယောက်သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
အခုပေါက်ကွဲမှုမှာ သေဆုံးသွားသူက ဝက်ထီးကန်ရဲသင်တန်းကျောင်းစခန်းက ဒေသခံရဲတပ်ကြပ်ကြီး ညွှန့်ဝင်းဖြစ်တယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ဒေသခံတယောက်က“ဗုံးက စာသင်ကျောင်း စည်းရိုးအုပ်တံတိုင်းအတွင်းဘက် ကျောင်း ရဲ့ မြောက်ဘက်ထွက်ပေါက်နားက သူတို့ သဲအိပ်ဘန်ကာလုပ်ထားတဲ့ နေရာမှာ ပေါက်တာ။ အသံက အကျယ်ကြီးပဲ။ သူတို့ကတော့ ဆွဲမိုင်းတော့ မဟုတ်ဘူး။ အချိန်ကိုက်လုပ်ထားပြီး ဖုံးနဲ့ခေါ်ပြီးခွဲတဲ့ ချိန်ကိုက်ဗုံးဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောနေတာကိုတော့ကြားတယ်”လို့ ပြောပါတယ်။
ဗုံးကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဈေးလည်းရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် လူတွေ ထိတ်လန့် သွားကြတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ဝက်ထီးကန်မြို့မှာ စစ်အာဏာသိမ်းပြီး တတည်းက စစ်တပ်ကရဲစခန်းမှာအမြဲတပ်စွဲထားပြီး ရဲတွေကတော့ ဌာနဆိုင်ရာနေရာတွေမှာ လုံခြုံရေးစောင့်ကြပါတယ်။ အခု ဗုံးကွဲမှုဖြစ်တဲ့ စာသင်ကျောင်းမှာ ဒေသခံရဲတွေက ဘန်ကာတွေဆောက်လုပ်ပြီး လုံခြုံရေးယူထားကြတာပါ။
ပဲခူးတိုင်း ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ရဲသင်တန်းကျောင်း ရှေ့မျက်စောင်းထိုးက အ.ထ.က ကျောင်းဝင်းထဲမှာ ဇန်နဝါရီက ၃၁ ရက်နေ့ မနက် ၈ နာရီ ၂၀ လောက်က ဗုံးတစ်လုံးကွဲခဲ့ပြီး ရဲတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်ဆီက သိရပါတယ်။
ဒေသခံတယောက်က “ဗုံးက စာသင်ကျောင်းစည်းရိုး အုတ်တံတိုင်းအတွင်းဘက် ကျောင်းရဲ့မြောက်ဘက်ထွက်ပေါက်နားက သူတို့ သဲအိတ်ဘန်ကာလုပ်ထားတဲ့ အဲဒီနေရာမှာကို ပေါက်တာ၊ အသံကအကျယ်ကြီးပဲ။ ဆွဲမိုင်းတော့မဟုတ်ဘူး၊ အချိန်ကိုက်လုပ်ထားပြီး ဖုန်းနဲ့ခေါ်ပြီးခွဲတဲ့ ချိန်ကိုက်ဗုံးဖြစ်တယ်လို့ စစ်ကောင်စီဘက်ကပြောနေတာကိုတော့ ကြားတယ်” လို့ ပြောပါတယ်။ ပေါက်တဲ့အချိန်က လူရှုပ်ချိန်ကြီး၊ တော်သေးတယ် အထဲမှာပေါက်တာ။ သူတို့ကိုပဲ ရည်ရွယ်ပြီး သေချာလုပ်ထားတာ၊ အဲ့ဒီဘေးမှာက ဈေးလည်းရှိတော့ လူတော့များတယ်၊ လူတွေတော့နည်းနည်း ထိတ်လန့်သွားကြတာပေါ့” လို့ ပြောပါတယ်။
ဝက်ထီးကန်မြို့မှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်က ရဲစခန်းမှာ အမြဲတပ်စွဲထားပြီး ရဲတွေကတော့ ဌာနဆိုင်ရာနေရာတွေမှာ လုံခြုံရေးစောင့်ကြတယ်လို့ ဆိုပါတယ်။
အခု ဗုံးပေါက်ကွဲတဲ့ စာသင်ကျောင်းတော့ ဒေသရဲတွေက လုံခြုံရေးယူထားပြီး ပေါက်ကွဲမှုကြောင့် ရဲတပ်ကြပ်ကြီး ညွန့်ဝင်း (ဝက်ထီးကန် ရဲသင်တန်းကျောင်းစခန်း) သေဆုံးသွားတာဖြစ်ပြီး ဒဏ်ရာရသူ ရှိ၊ မရှိကိုတော့ DVB က ဆက်လက်စုံစမ်းနေပါတယ်။