close

ရဲ ၃ ဦး

close

July 1, 2021

ဖားကန့် လုံးခင်းကျေးရွာက ရဲ ၃ ဦးကို သေနတ် လက်လုပ်မိုင်းများနှင့်အတူ KIA ဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုရဲစခန်းက ရဲအရာရှိ ၁ ဦးအပါအဝင် ရဲ ၃ ဦးကို ဇွန်လ ၃၀ ရက်နေ့က သေနတ် ၃ လက်၊ လက်လုပ်မိုင်းတွေနဲ့အတူ KIA က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

လုံးခင်းကနေ ဖားကန့်မြို့ကို သွားတဲ့လမ်းရှိ ညီနောင်တံတားအနီးမှာ ညနေ ၄ နာရီလောက် ကားကို KIA က တားစစ်ဆေးရာကနေ ရဲတွေမှန်းသိလို့ ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

KIA တပ်သားတွေက ဖားကန့်မြို့အနီးတဝိုက်မှာ ရှိနေတတ်ပေမယ့် ခုလိုစစ်ဆေးတာမျိုး သိပ်မရှိသလို သတင်းအရ စစ်ဆေးတာမျိုးဖြစ်နိုင်ပြီး ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လုံးခင်းကျေးရွာက ရဲ ၃ ဦးကို KIA ရဲ့ တပ်ရင်း ၄၄ က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပြောဆိုမှုများရှိနေပေမယ့် DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၉ ရက်နေ့က ၂၁ မိုင်ဂိတ်ကို KIA ဘက်က ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း စစ်ရဟတ်ယာဥ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့သလို ဒီကနေ့ မနက်ပိုင်းမှာလည်း နန့်ယားအခြေစိုက် အကြမ်းဖက်စစ်တပ်က KIA ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

4 mins Ago

July 4, 2020

လူမည်းတဦးအား လည်ပင်းညှပ်ဖမ်းဆီးခဲ့ပုံ ပြန်လုပ်ပြလှောင်ပြောင်ခဲ့သည့် ရဲ ၃ ဦးကို ထုတ်ပယ်

လူမည်းတစ်ယောက်ကို  လည်ပင်းညှပ်ဖမ်းဆီးခဲ့ပုံကို ပြန်လုပ်ပြပြီး လှောင်ပြောင်ခဲ့တဲ့  ကော်လိုရာဒိုရဲဝန်ထမ်း ၃ ယောက်ကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ဇူလိုင်  ၃ ရက်မှာ ပြောပါတယ်။  အီလီဂျာ-မက္ကလိန်းဆိုတဲ့ လက်နက်မဲ့ လူမည်းအမျိုးသားဟာ နောက်ပိုင်း သေဆုံးသွားခဲ့ပြီး ဒင်ဗာမြို့ ယာယီရဲတပ်ဖွဲ့ အကြီးးအကဲက ရဲဝန်ထမ်းတွေရဲ့ လုပ်ရပ်ဟာ  ပြစ်တင်ရှုတ်ချထိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။  ရာထူးက ထုတ်ပယ်ခံရတဲ့ ကော်လိုရာဒို ရဲဝန်ထမ်း  ၃ ယောက်ကတော့  ဂျေဆန် ရိုဆန်ဘလက်၊ အဲရစ်ကာ မာရယ်ရိုနဲ့  ကိုင်းဒစ်ထရစ်ချ် တို့ ဖြစ်ပြီး  ၄ ယောက် မြောက် ရဲဝန်ထမ်း  ဂျာရွန်ဂျုံးစ်ကတော့ ဇွန် ၃၀ ရက်မှာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။  ဓာတ်ပုံထဲမှာ လူသေစေတဲ့ ဖမ်းဆီးမှုဖြစ်ရာ နေရာအနီး ဒစ်ထရစ်ချ်နဲ့ ဂျုံးစ်တို့က  လည်ပင်းညှပ်ဖမ်းဆီးနေပုံကို ပြန်လုပ်ပြခဲ့ပြီး အနီးမှာလည်း မာရယ်ရိုက ရယ်ကျဲကျဲ လုပ်နေခဲ့ပါတယ်။ အဲဒီဓါတ်ပုံတွေကို အမေရိကန် အာဏာပိုင်တွေက ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။   သေဆုံးခဲ့တဲ့ မက္ကလိန်းရဲ့ မိသားစု ရှေ့နေက ရဲဝန်ထမ်းတွေဟာ အပြစ်မရှိတဲ့ လူတစ်ယောက် သတ်ဖြတ်ရုံတင်မကဘဲ  အဲဒီဖြစ်ရပ်ကို ပြန်လုပ်ပြီး လှောင်ပြောင်ခဲ့တယ်လို့ ပြောဆိုပါတယ်။   ၂၀၁၉ သြဂုတ်လက အော်ရိုလာမြို့မှာ ရဲဝန်ထမ်းတွေရဲ့ ဖမ်းဆီးမှုအတွင်း လူမည်း အမျိုးသား မက္ကလိန်းက  “အသက်ရှူမရဘူး” ပြောဆိုခဲ့တာကိုလည်း  ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ အသံတိပ်ခွေမှာ ကြားရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
12 months Ago
Up