close

ရဲ ၅ ဦးပါလာသည့်ကား

close

December 17, 2022

ပခုက္ကူမြို့မရဲစခန်းက ရဲ ၅ ဦးပါလာသည့်ကား မိုင်းဆွဲခံရ

မကွေးတိုင်း ပခုက္ကူမြို့မရဲစခန်းက ရဲ ငါးယောက်ပါလာတဲ့ အိမ်စီးကားကို ဒီဇင်ဘာ ၁၆ ရက် မနက် ၁၀ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

အရာရှိ နှစ်ယောက်နဲ့ ရဲတပ်သား သုံးယောက် ပါလာတဲ့ အိမ်စီးကားကို ညောင်မြို့လမ်းမနဲ့ ပခုက္ကူလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက  "ဖောက်ခွဲလိုက်တဲ့ တွဲမိုင်း နှစ်လုံးက ပြင်းထန်ပါတယ်။ ကားကတော့နေရာမှာ တင်ပျက်စီးသွားခြင်း မရှိဘဲ ရှေ့ဆက်မောင်းသွားတာ ကြောင့် ထိခိုက်မှုအခြေနေကို မသိရသေးဘူး" လို့ ပြောပါတယ်။

နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့မှာ လူအင်အားရှိပေမယ့် မောင်းပြန်သေနတ် မရှိတဲ့အပြင် လက်လုပ်သေနတ်တွေသာ ရှိတာကြောင့် တိုက်ပွဲဖော်ဆောင်ရာမှာ မိုင်းကိုသာ အသုံးပြု နေရတယ်လို့ ပြောပါတယ်။

အဖွဲ့အတွက် လက်နက်အင်အား မလုံလောက်တာကြောင့် မောင်းပြန်သေနတ်ဝယ်ဖို့ "သွေးကြွေး ပြန်ယူ သိန်း ၅၀၀ လှူ" ဆိုတဲ့ ကမ်ပိန်းကို ဒီဇင်ဘာ ၁၆ ရက်က စတင်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

12 hours Ago
Up