close

ရွာငံမြို့နယ်တိုက်ပွဲ

close

April 9, 2022

ရွာငံမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူး ၁ ဦး အပါအဝင် ၄ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် လွှစင်ရွာနဲ့ တောင်ပို့ကွဲရွာ အကြားမှာ ဧပြီလ ၉ ရက် ဉနေ  ၄ နာရီလောက်က  စစ်ကောင်စီတပ်နဲ့  ဒေသကာကွယ်ရေး တပ်ဖွဲ့ တို့ကြားတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး ၁ ယောက်အပါအဝင်  ၄  ယောက် သေဆုံးသွားပါတယ်။

ဒေသခံ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့်နဲ့ အဖွဲ့ကို တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေစဉ် တောင်ကြီး - ရွာငံ - မန္တလေး ပြေးဆွဲနေတဲ့ ‌(ရွှေဓနုကားဖြင့် ) ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စီတပ်တွေကို ပြောက်ကျားတပ်တွေက တိုက်ခိုက်ခဲ့တာလို့   TPDF ခေါင်းဆောင်ကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး ပျက်စီးသွားပြီး ဗိုလ်မှူအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့ သူတွေ ရှိတယ်လို့လည်း ပြောပါတယ်။

"ပျူစောထီးတွေကို ရှင်းဖို့ ကျနော်တို့ရောက်နေတာကို သူတို့ကြိုသိသွားတယ်ထင်တယ်။ ခရီးသည်တင် ယာဉ်တစ်စီးနဲ့ စစ်သားတွေ ရောက်လာပြီးတော့ သူတို့ဘက်က အရင်စပစ်လို့ တိုက်ပွဲဖြစ်သွားတာ။”

နာရီဝက်နီးပါး အပြန်အလှန်ပစ်ခတ်မှုအပြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ YUG ၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့TPDFနဲ့  ရှမ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ SNDFက ရဲဘော်တွေ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

2 mins Ago
Up