close

ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

close

July 12, 2021

စစ်ကိုင်းတိုင်း ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်း ၁၂၄ ရက်​မြောက်​နေ့အဖြစ် ဆက်လက်ဆန္ဒပြ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အ​ရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် ​မြောက်ခြမ်းတို့က ​ကျေးရွာ​တွေစု​ပေါင်းပြီး ဇူလိုင် ၁၂ ရက်​နေ့က စစ်အာဏာရှင်ဆန့်ကျင်​ရေးသပိတ် ၁၂၄ ရက်​မြောက်​နေ့အဖြစ် ကျေးလက်​နေပြည်သူ​တွေ ဆက်လက်ဆန္ဒ​ပြခဲ့ကြပါတယ်။

လက်ရှိ​ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ ရင်ဆိုင်​နေရပေမယ့် စစ်အာဏာရှင်ဆန့်ကျင်​ရေးသပိတ်ဟာ ရပ်တန့်မသွားဘဲ ဆက်လက်ဆန္ဒ​ပြနေကြတာဖြစ်ပြီး ဆန္ဒပြ​အင်အားလည်း ​ကောင်း​နေဆဲ ဖြစ်ပါတယ်။

 ပူး​ပေါင်းပါဝင်လာတဲ့ ဆန္ဒပြပြည်သူ​တွေကို ကိုဗစ် စည်းကမ်းနဲ့အညီ  နှာ​ခေါင်းစည်း Mask ​​တွေလည်း ပေး​​ဝေခဲ့ပါတယ်။

6 mins Ago
Up