close

ရွာသား ၁ ဦးသေဆုံး

close

September 15, 2022

ကျုံပျော်မြို့နယ်၌ လောင်းကစားဝိုင်းကို စစ်တပ်ကဝင်ရောက်ပစ်ခတ်၊ ရွာသား ၁ ဦးသေဆုံး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်က လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဝင်ဖမ်းရာကနေ အမျိုးသား တယောက် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခဲပေါင်တံတားအနီးက ဆန်စက်ဝင်းထဲမှာ တောချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး သေနတ်နဲ့ဝင်ပစ်ခဲ့လို့ ရွာသားတယောက် ကျည်ထိမှန်ပြီး ချောင်းထဲပြုတ်ကျသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“လောင်းကစားဝိုင်းကတော့ တရားဝင်လုပ်နေသလားမှတ်ရတယ်။ ကြေးကလည်းကောင်းတယ်။ ရဲဘော်အဆင့်နဲ့ လမ်းကြုံလို့ ဝိုင်းဘက်ရောက်ရင်တောင် အနည်းဆုံး ငါးသောင်းလောက် ပစ်ပေးလိုက်တာ။ ခုတော့ ဘယ်လိုဖြစ်ပြီး ဝင်ဖမ်းသလဲမသိဘူး။ ဝင်ဖမ်းတဲ့အချိန် အကုန်ထွက်ပြေးတော့ တယောက်ကတော့ ကျည်ထိပြီး ချောင်းထဲပြုတ်ကျသွားတာ။ ၁၃ ရက်နေ့ကမှ ပြန်ပေါ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ထိမှန်ဒဏ်ရာနဲ့ ချောင်းထဲပြုတ်ကျသေဆုံးခဲ့သူဟာ အောင်ဆန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် ကိုမြင့်ခိုင်ဖြစ်ပါတယ်။ 

လောင်းကစားဝိုင်းကို ဖမ်းဆီးချိန်မှာတော့ တောချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား အယောက် ၃၀ လောက်ကို  ဆိုင်ကယ် အစီး ၃၀၊ ကား ၃ စီး၊ လောင်းကြေးငွေ သိန်း ကျပ် သိန်း ၁၀၀၀  ကျော်နဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

43 mins Ago

July 3, 2022

မင်းကင်းမြို့နယ်တွင် မိုင်းနင်းမိပြီး ရွာသား ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ ဇူလိုင် ၂ ရက်မနက် ၆ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် ထွက်ပြေးခဲ့တဲ့ ရွာသားတွေ မိုင်းနင်းမိပြီး  တယောက်သေဆုံး၊ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ ယုံသာကျေးရွာနေ ပြည်သူတွေဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ သုံးယောက်ကတော့ မင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “အခုလိုဖြစ်ရတဲ့အကြောင်းဟာ တောင်ယာတောကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ယုံသာကျေးရွာဘက်ကိုဦးတည်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် တောင်ယာတောကျေးရွာနေပြည်သူတွေက ကြောက်လန့်တကြီး ထွက်ပြေးရာကနေ ဘယ်အဖွဲ့အစည်းထောင်ထားမှန်းမသိတဲ့ မိုင်းကိုနင်းမိပြီး မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာ”လို့ ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာနေပြီး ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း တောင်လက်ဒေသ ကူလဲအနောက် ဘုရားထွက်နယ်မြေအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၂ နာရီလောက်အထိ ဖြစ်ပွားတာရှိခဲ့ပါတယ်။

တိုက်ပွဲမှဦ စစ်ကောင်စီဘက်က သုံးယောက်သေဆုံး ခြောက်ယောက်ဒဏ်ရာရရှိခဲ့သလို PDF ပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ဇင်မျိုးအောင် ကျဆုံးခဲ့တယ်လို့ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

2 months Ago
Up