close

ရွာသား ၁ ဦး ဒဏ်ရာရ

close

September 11, 2021

ဖာပွန်ခရိုင်၌ စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်းနင်းမိပြီး ရွာသား ၁ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ စက်တင်ဘာလ ၁၁ ရက်က  စစ်ကောင်စီတပ်မှ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတစ်လုံးကို ရွာသားတစ်ယောက်က နင်းမိဒဏ်ရာရပြီး ခြေတောက်တစ်ဖက် ဆုံးရှုံးသွားရပါတယ်။

ဖာပွန်ခရိုင် အနောက်ဘက်ရှိ မတ်ထောရွာမှာ နေထိုင်တဲ့ရွာသားတွေဟာ  ဒီကနေ့မနက် ၉  နာရီလောက်က  တောင်ယာအလုပ်သွားရင်း စစ်ကောင်စီလက်အောက်ခံ ခလရ ၄၀၇ စစ်တပ်က ထောင်ထားတဲ့မြေမြှုပ်မိုင်းကို ရွာသား စောကျူးပီးအသက်(၂၆)နှစ်က တက်နင်းမိရာ ဘယ်ခြေထောက်ပြတ်သွားသလို ညာဘက်လက်မှာလည်း အနည်းငယ်ဒဏ်ရာရရှိသွားပါတယ်။  

ပြင်းထန်ဒဏ်ရာရသွားတဲ့ စောကျူးပီးကို  ဖာပွန်ခရိုင်အတွင်းရှိ ကေအန်ယူ ဆေးရုံသို့ ပို့ဆောင် ကုသပေးနေပါတယ်။

သထုံခရိုင်၊ ဖာပွန်ခရိုင်နဲ့ တခြားခရိုင်တွေမှာ စစ်ကောင်စီတပ်တွေက အန်စီအေအပစ်ရပ်သဘောတူစာချုပ်ကို ချိုးဖောက်ပြီး နယ်မြေကျူးကျော်ဝင်ရောက်လာတာကြောင့် KNU/ KNLA တပ်တွေက ပြန်လည်ခုခံတိုက်ခိုက်နေရပါတယ်။

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးယူထားတဲ့ ကာလမှာတောင် စစ်ကောင်စီတပ်တွေက ကေအန်ယူနယ်မြေထဲ ဝင်ရောက်အခြေချလာတဲ့အတွက် နယ်မြေလုံခြုံမရှိဖြစ်နေရတယ်လို့ ဒေသခံ ရွာသားတွေကပြောပါတယ်။

ဒါ့အပြင် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ရွာသားတွေကို  ဖမ်းဆီးတာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာတွေ မလုပ်ကြဖို့ကိုလည်း  ဖာပွန်ခရိုင်မှာနေထိုင်တဲ့ ဒေသခံတွေက တောင်းဆိုပါတယ်။

11 mins Ago
Up