close

ရွာသား ၃ ဦး

close

November 16, 2021

မင်းကင်းမြို့နယ်တွင် ရွာသားသုံးဦးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အနောက်တောကျေးရွာက အပြစ်မဲ့ရွာသား ၃ ဦးကို ပန်းဆက်ကျေးရွာက ပျူစောထီးနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က နိုဝင်ဘာ ၁၅ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ပြီး မင်းကင်း-ကနီ ကားလမ်မကြီးအနီး တဲတောလမ်းခွဲမှာ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတစ်ဦးက “ကျနော်တို့ရွာက လူတွေပါဗျာ။ သူတို့ ဖမ်းခေါ်သွားပြီး ဦးခေါင်းတွေကို သေနတ်နဲ့ တေ့ပစ်သွားကြတာ။ ဦးခေါင်းထဲက ဦးနောက်တွေ တစ်ခုမှတောင် မရှိတော့ဘူးဗျာ။ နောက်ပြီး လက်ပြန်ကြိုးတွေတုပ်ပြီး ပစ်သတ်ခံရတာ။ အခုလို မြင်တွေ့ရတာ စိတ်မကောင်းဘူးဗျာ။ ဒီကောင်တွေ အပြစ်မဲ့တဲ့လူတွေ ဒီလို ဖမ်းဆီးသတ်ဖြတ်တာ မကောင်းပါဘူး။ လက်နက်အားကိုး အနိုင်ထက်စီးနင်းလုပ်နေတာ ဘယ်သူမှ တာဝန်မယူနိုင်ကြတော့ဘူးလားဗျာ။ လက်နက်ကိုင်အချင်းချင်းမတိုက်ဘဲ  ဒီလိုမျိုး ဘာမဆိုင် ညာမဆိုင်တဲ့သူတွေ လိုက်သတ်နေတာ စစ်ကောင်စီရဲ့ လက်ပါးစေတပ်တွေက။ ကျနော်တို့ ဘဝတွေကတော့ ပြေးစရာမြေမရှိ ဘဝတွေ ဖြစ်နေပါပြီဗျာ” လို့ ပြောပါတယ်။

က​လေးခရိုင် မင်းကင်းမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်မနက် ၁၀ နာရီ​လောက် ​ကျောက်ခဲတက်​ကျေးရွာဘက်က​နေ ချီတက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အနီးအနား အနောက်တောကျေးရွာက အပြစ်မဲ့ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။

ပန်းဆက်ကျေးရွာက ပျူစောထီးတပ်နဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလအတွင်းကလည်း လောင်းပြည့်ကျေးရွာက ဒေသခံ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

15 mins Ago

June 3, 2021

ကလေးမြို့နယ်တွင် ငါးရှာ ပြန်လာသူ ရွာသား ၃ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း မြောက်စည်းရဲစခန်းကနေ  ဒီနေ့ ဇွန်လ ၃ ရက် နေ့လည် ၁ နာရီလောက်က ငါးရှာပြီး ပြန်လာတဲ့  ရွာသား ၃ ယောက်ကို သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

ငါးရှာပြီးပြန်လာတဲ့ ရွာသားတွေကို မြောက်စည်းရဲစခန်းဘက်ကနေ စစ်သားတွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို ရွာသားတစ်ဦးက လက်ဖျံမှာ သေနတ်ထိမှန်ပြီး ဒဏ်ရာနဲ့ ဖမ်းဆီးခံရတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာကလူတွေ ၃ ယောက်က မြစ်ဆုံဘက်ကနေ ငါးရှာပြီး ရွာကို ပြန်လာကြတာပါ။ ရဲစခန်း အရှေ့ဘက် လယ်ကွင်းပြင်လမ်းကနေ ပြန်လာ ကြတာပါ။ ဒါကို စစ်သားတွေက ဘာလက်နက်မှမပါတဲ့ ကျနော်တို့ရွာသားတွေကို အမဲလိုက်သလို  ရွာထဲ ထိဝင်ပြီး သေနတ်နဲ့ပစ်ဖမ်းသွားတယ်။ ရွာထဲ ကပြည်သူတွေ လည်း ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြပါတယ်”။ 

အဆိုပါရွာသား ၃ ယောက်ဟာ ရိုးရိုးသားသား ငါးရှားစားနေကြတယ်ဆိုတာ တရွာလုံးက သိတဲ့ အကြောင်း သူတို့အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးစေလို့တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

လတ်တလော ဒဏ်ရာရ ရွာသား တစ်ယောက်ကိုတော့ ဆေးကုသမှုခံယူဖို့ ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။ 

6 months Ago
Up