close

ရွေ့လျားဒုံးအ‌မြောက်စနစ်

close

July 6, 2022

ယူကရိန်းက ရုရှားစစ်တပ်ကို အဆင့်မြင့် ရွေ့လျားဒုံးအ‌မြောက်စနစ်ဖြင့် တိုက်ခိုက်

ယူကရိန်းနိုင်ငံ ဇာပိုရစ်ဟီယာဒေသက ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားကို တိုက်ခိုက်ရာမှာ အမေရိကန်လုပ် အဆင့်မြင့် ရွေ့လျားဒုံးအမြောက်စနစ် (HIMARS) တွေကို စသုံးနေပြီလို့ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က ပြောလိုက်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ စစ်ဆင်ရေးဗွီဒီယိုတွေကို ဇူလိုင် ၄ ရက်က လွှင့်တင်ချိန်မှာ ခုလို ပြောလိုက်တာပါ။

ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီ ရက်ဇ်နီကို့ဗ်က သူ့နိုင်ငံဟာ အမေရိကန်ဆီက HIMARS ကို လက်ခံရရှိခဲ့တယ်လို့ ဇွန် ၂၃ ရက်မှာ ပြောပါတယ်။

ရုရှားဟာ ချာနီဂေ့ါဗ်၊ ဆူမီနဲ့ ခါဆွန်ဒေသတွေကို ဆက်ပြီး ဗုံးကြဲတိုက်ခိုက်နေခဲ့တယ်လို့ နိုင်ငံတဝန်းမှာရှိတဲ့ စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ယူကရိန်း အမျိုးသားသတင်းဌာန ယူကရင်ဖောင်က ဇူလိုင် ၄ ရက်မှာ ပြောခဲ့ပါတယ်။

ယူကရိန်းသမ္မတရဲ့ အကြံပေး အိုလက်ဇီ အရေစတိုဗစ်ချ်က လူဟန့်စ်ဒေသမှာရှိတဲ့ အဓိကမြို့ကြီးတွေမှာ ယူကရိန်းရဲ့ စစ်ရေးစစ်ဆင်ရေး အောင်မြင်တယ်လို့ ဇူလိုင် ၃ ရက်မှာ ပြောပါတယ်။

လီစီချန့်စ်ခ် ဆေဗေရိုဒန်ညက်စ် အင်အားစုစည်းမှု ကာကွယ်ရေးဟာ အောင်မြင်တဲ့ စစ်ဆင်ရေးလို့ အရေစတိုဗစ်ချ်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

13 mins Ago
Up