close

ရွေးကောက်ခံပါလီမန်

close

January 10, 2022

အီရတ် ရွေးကောက်ခံပါလီမန်အသစ် ပထမအကြိမ် အစည်းအဝေးကျင်းပ

အီရတ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး မနေ့က အစိုးရသစ်ဖွဲ့နိုင်ဖို့ ပထမခြေလှမ်းအဖြစ် လွှတ်တော်ညီလာခံ ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပခဲ့ပါတယ်။

နိုင်ငံရေးပါတီအစုအဖွဲ့အသီးသီးက လွှတ်တော်ထဲ ထိုင်ခုံနေရာအများစု ရရှိရေး ပြိုင်ဆိုင်နေတာကြောင့် လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရေးလုပ်ငန်းစဉ် အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

ကိုယ်စားလှယ်တွေကြား အကြိတ်အနယ်ဆွေးနွေးမှု၊ အော်ဟစ်မှုတွေ ဖြစ်ပြီးနောက် အစည်းအဝေး ယာယီခေါင်းဆောင် မိုဟာမာဒ်အလ်မာရှာဟာဒနီက အစည်းအဝေးကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပိုရှုပ်ထွေးသွားတာက အသက် ၇၃ နှစ်ရှိ မာရှာဟာဒနီဟာ အသက်အကြီးဆုံး လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး အစည်းအဝေးကျင်းပနေစဉ် ရုတ်တရက် ဖျားတာကြောင့် ဆေးရုံးကို လူနာတင်ကားနဲ့ ပို့ခဲ့ရတာပါ။  

ပထမအကြိမ် လွှတ်တော်အစည်းအဝေးကို ရက် ၃၀ ကြာ ကျင်းပမှာဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ တစ်ဦး၊ လက်ထောက်နှစ်ဦး၊ အစိုးရအဖွဲ့အတွက် သမ္မတသစ်တစ်ဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်။

1 min Ago
Up