close

ရွှေကမ်းသာယာအိမ်ရာ

close

December 12, 2022

လှိုင်သာယာမြို့နယ် ရွှေကမ်းသာယာအိမ်ရာရှေ့ ဗုံး ၂ လုံးပေါက်

ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အတွင်းပဒံကျေးရွာရှိ ရွှေကမ်းသာယာအိမ်ရာရှေ့မှာ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့  ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်-ပုသိမ်လမ်းမဘေးရှိ  ရွှေကမ်းသာယာအိမ်ရာရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေလည်း ရောက်နေတယ်လို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။

“ဗုံးက ငါးမိနစ် တခါပေါက်တာ။ စစ်သားတွေရော ရဲတွေရောက်လာတာ။ အခု စစ်ဆေးမှုတွေ လုပ်နေတယ်။ ထိခိုက်မှု ရှိ မရှိတော့ မသိဘူး။”

ရွှေကမ်းသာယာအိမ်ရာရှေ့မှာ လက်လုပ်ဗုံးနှစ်လုံး တွေ့ရှိလို့ စစ်တပ်က ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက အတည်ပြု ပြောပါတယ်။

"မပေါက်သေးတဲ့ လက်လုပ်ဗုံးတွေ တွေ့လို့ စစ်တပ်က ဖောက်ခွဲပစ်တာပါ ဒဏ်ရာရတဲ့သူ  မရှိပါဘူး။”

လတ်တလော  ရန်ကုန်-ပုသိမ် ကားလမ်းမမှာ  စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြတ်သန်းသွားလာတဲ့ ကားတွေကို  စစ်ဆေးနေပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

10 mins Ago
Up