close

ရွှေကျင်ကျေးရွာ

close

March 2, 2022

တန့်ဆည်မြို့နယ်၊ ရွှေကျင်ကျေးရွာကို စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေကျင်ရွာကို ဒီနေ့ မတ် ၂ ရက် ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက အကြမ်းဖက် မီးရှို့ဖျက်ဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အဲဒီရွှေကျင်ရွာကိုမီးရှို့ခဲ့ စစ်တပ်နဲ့ပျူစောထီးတပ်တွေကဟာ ကျွန်းလည်ကျေးရွာကနေ လာရောက်မီးရှို့တာဖြစ်တယ်လို့လည်းသိရပါတယ်။

ရွှေကျင်ရွာသူတယောက်က “သူတို့လာရင် အကုန်ထွက်ပြေးနေရတာပါဘဲ။ ဘယ်သူမှ သူတို့ကို ရန်မူနေတာလည်း မဟုတ်ဘူး။ ဒါသက်သက် အနိုင်ကျင်တာ။ သူတို့ PDFကို မိအောင်မဖမ်းနိုင်တိုင်း ရွာတွေကို မီးရှို့နေတာ။ မင်းအောင်လှိုင်ကလည်း သူအာဏာရရင်ပြီးရောလား။ ပြည်သူတွေအခုလို နေအိမ်ကို ဘယ် PDFကမှ မီးမရှို့ဘူး။ မင်းအောင်လှိုင် မယားငယ်သားတွေနဲ့  အရိုးကိုက် ပျူစောထီးတွေကသာ ကျမတို့ ရွာတွေကို မီးရှို့နေကြတာ” လို့ ပြောပါတယ်။

ရွှေကျင်ကျေးရွာဟာ အိမ်ခြေ ၄၀ လောက်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်သလို အခုလို မီးရှို့ခံရတာဟာ နှစ်ကြိမ်မြောက်လည်းဖြစ်ပါတယ်။

ပထမအကြိမ်မီးရှို့ခံရတုန်းက အိမ်ခြေ အနည်းငယ်သာမီးလောင်‌ဆုံးရှုံးခဲ့ရပြီး အခု ဒုတိယအကြိမ်မှာ ရွာလုံးကျွတ်အကုန်မီးလောင်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေက လက်ရှိအချိန်အထိ ရွာထဲကမထွက်သေးဘဲရှိနေသေးတာကြောင့် ရွာသားတွေ ရွာထဲပြန်မဝင်ရဲသေးဘဲ နီးစပ်ရာ တောတောင်တွေထဲ ပုန်းရှောင် နေကြရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

1 min Ago
Up