close

ရွှေကျင်သာသနာပိုင်ဆရာတော်

close

March 20, 2022

သက်တော် ၉၃ နှစ်ရှိ ရွှေကျင်သာသနာပိုင်ဆရာတော် ပျံလွန်တော်မူ

၁၅ ပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဟာ ဒီမနက်ပိုင်းက ပျံလွန်တော်မူသွားပြီ ဖြစ်ပါတယ်။

ဆရာတော် ဘဒ္ဒန္တ ဝိဇ္ဇောတဟာ  ရွှေကျင်ဂိုဏ်းရဲ့ အကြီးအကဲသာသနာပိုင်အဖြစ် လွန်ခဲ့တဲ့ ၆ နှစ်ကမှ တင်မြှောက်ခံခဲ့ရတာဖြစ်ပြီး ရန်ကုန်မြို့မှာ ဒီမနက်အစောပိုင်း ၂ နာရီက ပျံလွန်တော်မူခဲ့တာပါ။

ရွှေကျင်ဂိုဏ်းရဲ့ ၁၅ ပါးမြောက် သာသနာပိုင်ဆရာတော်ဖြစ်ပြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၉၃ နှစ်၊ ဝါတော် ၇၃ ဝါရှိပြီဖြစ်ပါတယ်။

ဆရာတော်ကို ၁၉၃၀ ခုနှစ် မတ်လက မွန်ပြည်နယ်၊ မုဒုံမြို့မှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။

12 hours Ago
Up