close

ရွှေခါးပတ်ဆု

close

December 20, 2022

Fury MMA ဖလိုင်းဝိတ်တန်းတွင် ချင်းတိုင်းရင်းသား ဂျို့ရှ်ဝါဗန် ‌ချန်ပီယံ ရွှေခါးပတ်ဆုရ

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ ဒီဇင်ဘာ ၁၈ ရက်က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ Fury MMA ဖလိုင်းဝိတ်တန်းချန်ပီယံလုပွဲမှာ ချင်းတိုင်းရင်းသား ဂျို့ရှ်ဝါဗန်က ဒေသတွင်းအဆင့်သတ်မှတ်ချက် ၁ မှာရှိတဲ့  ပြိုင်ဘက် အမေရိကန်ဖိုက်တာ မက္ကလန်ကို အနိုင်ရပြီး ချန်ပီယံ ရွှေခါးပတ်ရရှိသွားပါတယ်။

ဂျို့ရှ်ဝါဗန်ဟာ သူ့ထက်အတွေ့အကြုံပိုများ ဝါရင့်ပြီး၊ ကိုယ်အလေးချိန်ပိုများတဲ့ မက္ကလန်ကို  ပထမအချီမှာ လက်သီးချက်တွေ ခြေကန်ချက်တွေနဲ့ အပြန်အလှန် ထိုးသတ်နိုင်ခဲ့ပြီး  ဒုတိယအချီ ပြီးခါနီး စက္ကန့်ပိုင်းအလိုမှာ ညာလက်နဲ့ မက္ကလန်ရဲ့ လည်ပင်းအပိုင်ချုပ်ထားပြီး ချုပ်ကွက်နဲ့ ပွဲသိမ်းအနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ  ဂျို့ရှ်ဝါဗန်ဟာ မြန်မာနိုင်ငံတော်အလံကို လွှမ်းခြုံပြီး အောင်ပွဲခံသွားခဲ့ပါတယ်။ 

အသက် ၂၁ နှစ်အရွယ် အရပ် ၅ ပေ ၅ လက်မရှိ ဂျို့ရှ်ဝါဗန် (ခ) ဂျို့ရှ်ဝါထောင်းဟာ  ချင်းပြည်နယ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်မှာ မိသားစုနဲ့အတူ အမေရိကကို ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ MMA အပျော်တမ်းပွဲတွေမှာအရင်ကစားခဲ့ပြီး ပရော်ဖက်ရှင်နယ်ပွဲ ၇ ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရာမှာ ၆ ပွဲနိုင် ၁ ပွဲရှုံးထားတဲ့ မှတ်တမ်းရှိထားကာ ပရော်ဖက်ရှင်နယ်ပွဲကစားခဲ့တဲ့ တနှစ်တာအတွင်းမှာ  ဖလိုင်းဝိတ်တန်း ချန်ပီယံဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

2 mins Ago
Up