မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ မတ် ၂ ရက်နေ့က မြန်မာအမျိုးသမီးတဦးဆီက ရွှေဆွဲကြိုး လုယက်ထွက်ပြေးသွားသူကို မိနစ်ပိုင်းအတွင်း ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မေ ၂ ရက်နေ့ နေ့လယ်ပိုင်းက မဲဆောက်စျေးအနီးမှာ ကုမ္ပဏီတခုမှာ အလုပ်လုပ်တဲ့ မြန်မာ အမျိုးသမီးတဦးဆီက ရွှေဆွဲကြိုးကို အသက် ၂၈ နှစ်အရွယ် မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးက လုယက် ထွက်ပြေးသွားတာပါ။
လုယက်သူအား ၃ မိနှစ်အချိန်တွင်း မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံတရားဥပဒေအတိုင်း အရေးယူဆောင်ရွက်ဖို့ မဲဆောက်မြို့မရဲစခန်းမှာ ချုပ်နှောင်စစ်ဆေးနေပါတယ်။
မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာအမျိုးသမီးတွေဟာ စိန်၊ ရွှေရတနာတွေကို ဝတ်ဆင်သွားလာကြတာ ပိုများကြပြီး ထိုင်းနိုင်ငံ တာဝန်ရှိသူအချို့ကတော့ အပြင်ထွက်သွားလာပါက မဝတ်ကြဖို့နဲ့ ဝတ်ဆင်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရဲ့ ဈေးကြီးအတွင်းမှာ ဈေးသည် မြန်မာအမျိုးသမီး တဦးအား အမျိုးသားတဦးက သေနတ်ထောက်ပြီး ရွှေဆွဲကြိုးလုယက်မှု မတ်လ ၂၅ ရက် နေ့ခင်းပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
ရွှေဆွဲကြိုးလုယက်ခံရသူဟာ အသက်၂၂ နှစ်အရွယ် မသီတာအေး ဖြစ်ပြီး ထိုင်းရဲကို တိုင်ကြားခဲ့တဲ့အတွက် လုယက်သူကို ဖမ်းဆီးရမိရေး မဲဆောက်မြို့မရဲစခန်း ရဲမှူးကြီး နိုင်းမွန်းစကယောက်အွန်က အထူးရဲနဲ့ လှည့်ကင်းရဲတွေကို ညွှန်ကြားခဲ့ပါတယ်။
မကြာခင်မှာဘဲ အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့ရောက်ရှိပြီး စစ်ဆေးတဲ့အခါ လူယက်သူဟာ ၂ ဦးဖြစ်ပြီး တဦးက အမျိုးသမီးဖြစ်ကာ မိနစ်ပိုင်းမှာဘဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
လုယက်သူအမျိုးသားဟာ ဆိုင်ခန်းထဲဝင်လာပြီး အထွက်မှာ သေနတ်ထောက်ကာ ၂ ကျပ်သားရွှေဆွဲကြိုးကို လုယူတာဖြစ်ကြောင်း လုယူတဲ့အချိန်မှာ ဆွဲကြိုးကတစ်ပိုင်းပြုတ်သွားတယ်လို့ မသီတာအေးရဲ့ ထိုင်းရဲထံ တိုင်ကြားချက်အရ သိရပါတယ်။
သေနတ်ထောက်ပြီး ရွှေဆွဲကြိုးလုယူသွားတဲ့ အမျိုးသားကိုလည်း အချိန်အနည်းငယ်မှာဘဲ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကာ မသီတာအေးရဲ့ ရွှေဆွဲကြိုးလည်း ပြန်ရရှိသွားပါတယ်။